၃၃

54 0 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၃၃

၃၃.၁

မြို့သားက မိမိနှင့်မိခင်ဖြစ်သူကို မြို့သားတို့အိမ်တွင် လာနေရန်တဖွဖွပြောသည့်အပြင် အရီးဥကလည်း ဖိတ်ခေါ်သဖြင့် မြင့်မြတ်တို့သားအမိ ညတွင်းချင်းပင် မြို့သားတို့အိမ်သို့ရောက်လာကြရသည် ။ အရီးဥက မိမိတို့ကိုမြင်သည်နှင့် 

" သားအမိနှစ်ယောက်စလုံး ညစာလည်းမစားရသေးဘူးမဟုတ်လား .... နောက်ဖေးမှာ ကိုလင်းတို့ညစာပြင်ပေးထားတယ် .... အရင်စားလိုက်ကြအုံး " 

ဟု ပြောသည် ။ မိမိတို့ကို အိမ်ပေါ်ခေါ်တင်ထားပေးရုံသာမကပဲ ညစာပါခေါ်ကျွေးနေသောအရီးဥကို အားနာသော်လည်း ဗိုက်က တဂွီဂွီနှင့် ဆန္ဒပြနေသောကြောင့် ဟန်ဆောင်မနေတော့ပဲ ရင်းနှီးနေပြီးသားဖြစ်သည့်မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။

မီးဖိုချောင်ထဲသို့ရောက်သောအခါ ကြမ်းပြင်တွင်ဖင်ချ၍ထိုင်နေသောမြို့သားက ပြုံးပြပြီး

" ဟော .... ရောက်လာပြီပဲ "

ဟု ပြောကာ ထမင်းပွဲကူပြင်ပေးနေသော မြို့သားနှင့် ညီမဝမ်းကွဲတော်စပ်သည့်ကလေးမလေးအား

" ကျေးဇူးပဲ ညီမလေး .... ကျန်တာကိုကြီးဆက်လုပ်လိုက်မယ် " 

ဟူ၍ ပြောသည် ။ မြို့သား၏စကားအဆုံးတွင် ထိုကလေးမလေးက မိမိတို့ကိုပြုံးပြပြီး မီးဖိုချောင်ထဲမှထွက်သွားသည် ။ 

၃၃.၂

သက်ဝေ ယခုလိုအချိန်ကာလမျိုးတွင် မိမိနှင့်ကိုမြင့်အကြောင်း ကိုမြင့်၏မိခင်ဖြစ်သူအား မပြောသင့်မှန်းသိသော်လည်း သူကြီး၏အိမ်မှပြန်လာသည့်အချိန်ကတည်းက ကိုမြင့်၏မျက်နှာက မသိမသာညှိုးနေသည် ။ နှင်းမွန်၏ 

" ပေါက်ကရတွေမလုပ်စမ်းပါနဲ့ သက်ဝေလင်းရယ် "

ဟူသော စကားကြောင့် ဤကဲ့သို့ဖြစ်နေခြင်းဖြစ်ပေလိမ့်မည်ဟု တွတ်ဆမိသောကြောင့် ချောင်းဟန့်လိုက်ပြီး ကိုမြင့်၏မိခင်ဖြစ်သူကို

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now