၂၉

44 2 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၂၉

၂၉.၁

ကိုမြင့်၏အိမ်သို့ရောက်သည်အထိ စိုးတင့်ကသတိရမလာသေးသဖြင့် သက်ဝေ ကိုမြင့်တို့အိမ်၏နွားတင်းကုတ်ထဲတွင် စိုးတင့်ကို မတ်တပ်အနေအထားနှင့်ကြိုးချည်ခဲ့ပြီး ကိုမြင့်နှင့်အတူ အိမ်ပေါ်သို့တက်လာခဲ့လိုက်သည် ။ ကိုမြင့်၏မိခင်ဖြစ်သူက မိမိကိုမြင်သောအခါ ဝမ်းသာအားရနှင့်

" ဟယ် ..... မြို့သားလေးပါလာတာလား .... လာလာ .... ဒီမှာ ဗမာကြက်ကြော်နဲ့ကောက်ညှင်းပေါင်းပူပူလေးရှိတယ် .... လာစားချေ "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" အမေ့အိမ်မှာပဲကျွန်တော်ကပ်စားနေတာများနေပြီ .... တစ်ရက်တော့အမေ့ကိုအိမ်မှာထမင်းဖိတ်ကျွေးအုံးမှပဲ "

ဟု ပြန်ပြောလိုက်သည် ။ မိမိစကားကို ကိုမြင့်က

" ဆွေပြမျိုးပြပေါ့ "

ဟု ဝင်ပြောသဖြင့် ကိုမြင့်ကိုမျက်စောင်းထိုးလိုက်ပြီး ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည် ။ မနာအောင်လိမ်ဆွဲခြင်းဖြစ်သော်လည်း ကိုမြင့်က

" အာ့ အ နာ နာတယ် မောင့်အသက်ရဲ့ "

" ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရယ် .... ယူတောင်မယူရသေးဘူး လင်ကိုနိုင်စားနေပြီ "

ဟု အော်သဖြင့် ကိုမြင့်၏ပါးစပ်ကို လက်နှင့်အုပ်လိုက်သည် ။

၂၉.၂

မိခင်ဖြစ်သူက အလိုက်တသိနှင့် နေရာမှထပေးသွားသဖြင့် မြင့်မြတ် မြို့သား၏အနားသို့ အသာတိုးကပ်လိုက်ပြီး မြို့သားကိုဖက်လိုက်သည် ။ မြို့သားက အလိုက်တသိနှင့် ရင်ခွင်ထဲသို့တိုးဝင်လာသဖြင့် မြို့သား၏ဆံပင်များထဲသို့ မျက်နှာအပ်လိုက်ပြီး

" မောင့်အသက် ပင်ပန်းနေရောပေါ့ "

ဟု ပြောလိုက်သည် ။ မြို့သားထံမှ အဖြေအစား ရှိုက်သံခပ်တိုးတိုးကထွက်လာသဖြင့်

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now