Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
အပိုင်း - ၂၃
၂၃.၁
မြင့်မြတ် အခန်းတံခါးကိုခေါက်၍ အခန်းထဲသို့ဝင်လာသောအခါ မြို့သားက အိပ်ပျော်နေဆဲဖြစ်သည် ။ အပူအပင်မရှိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မြို့သား၏မျက်နှာနုနုလေးကိုငေးမောနေမိသည်မှာ အချိန်မည်မျှကြာသွားသည်မသိ ။ မြို့သားက
" အင်း "
ဟု သံရှည်ဆွဲကာ အကြောဆန့်ပြီး ငုတ်တုတ်ထထိုင်သည်ကိုပင်မသိလိုက် ။
" ကိုမြင့် ဘယ်တုန်းကတည်းကရောက်နေတာလဲ "
ဟု မေးသောအခါမှ သတိဝင်လာကာ မြို့သားကို ပြုံးပြလိုက်သည် ။ ထို့နောက်
" ညကအိပ်မပျော်ဘူးလား "
ဟု မေးလိုက်သည် ။ ဤစကားအဆုံးတွင် မြို့သားက မျက်လုံးများကိုလက်နှင့်ပွတ်ပြီး
" အကုန်ကိုသိနေတော့တာပဲ "
ဟု ပြောသည် ။ ထို့ကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး
" မောင့်အသက်လေးအကြောင်းဆို မောင်ကအကုန်သိတယ် "
ဟု ပြောလိုက်သည် ။ ထို့နောက် မြို့သား၏ခြင်ထောင်ကို အပြင်သို့ထွက်နိုင်အောင်ဟပေးလိုက်ပြီး
" နိုးရင်ထတော့ ..... မနက်စာစားရအောင် ..... အောက် မှာလူစုံနေပြီ ..... ဆရာဝန်မလေးပါရောက်နေတယ် "
ဟု ပြောလိုက်သည် ။
၂၃.၂
ကိုမြင့်က မျက်နှာသစ်သည့်နေရာအထိ လိုက်စောင့်ပေးပြီး မျက်နှာသုတ်ရန် သဘက်ကိုပါယူ၍ အဆင်သင့်စောင့်နေပေးသဖြင့် သက်ဝေ ကျေနပ်စွာပြုံးလိုက်ပြီး
" ကိုမြင့်ကတော့ ကျွန်တော့်ကိုနည်းလမ်းပေါင်းစုံနဲ့ကြွေအောင်လုပ်နေတော့တာ "
ဟု ပြောလိုက်သည် ။ ကိုမြင့်က ဤစကားကို
" တကယ်တော့ နေ့တိုင်းလုပ်ပေးချင်တာ "
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Ficción históricaမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024