Update Schedule သုံးရက် တစ်ပိုင်း
အပိုင်း - ၃၅
၃၅.၁
မြို့သားက မိမိတို့လက်ထပ်ပြီးလျှင်နေရန်အိမ်ကိုနောက်မှဝယ်ပြီး မီးလောင်သွားသည့်မိမိတို့အိမ်အား ဦးစားပေး၍အရင်ဆောက်ရန်ဆန္ဒရှိသောကြောင့် မြင့်မြတ် မြို့သား၏ဆန္ဒအတိုင်း မိမိတို့အိမ်အားပြန်လည်တည်ဆောက်နေရာ တစ်လမပြည့်သေးခင်မှာပင် အတော်အသင့်ပုံပေါ်လာပြီဖြစ်သည် ။ ထို့ကြောင့် မြို့သားကိုကတိပေးထားသည့်အတိုင်း အရီးဥထံ၌ မြို့သားအား မိသားဖသားပီပီသသတင်တောင်းခဲ့သည် ။
မူလက မြို့သားကို အိမ်တစ်လုံး ၊ နွားငါးကောင်နှင့်တင်တောင်းရန်စီစဉ်ခဲ့သော်လည်း မမျှော်လင့်ထားသောအခြေအနေများက ပေါ်ပေါက်လာသောကြောင့် နွားငါးကောင်နှင့်သာ တင်တောင်းနိုင်ခဲ့သည် ။
သို့သော် ...
မြို့သားတို့ဘက်က စိတ်မဆိုး ။ မြို့သားအပေါ်တွင်သစ္စာရှိရှိနှင့်ပေါင်းသင်းရန်တစ်ခုသာမှာပြီး မိမိတင်တောင်းသည့် နွားငါးကောင်ကိုပြန်ပေးသည် ။
ထို့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် လိုအပ်သည့်ကုန်ကျငွေများကိုလည်း မြို့သားတို့ဘက်ကပင်အကုန်အကျခံမည်ဟုပြောသဖြင့် မြို့သားအား အားနာရသည် ။ ဤသို့အားနာမိသော်လည်း မိမိတို့၏လက်ရှိအခြေအနေက ရွာဦးဘုန်းကြီးကျောင်းတွင် ကပ်နေနေရသောအခြေအနေဖြစ်နေသောကြောင့် အားနာသော်လည်း မည်သို့မှမတတ်နိုင် ။ ထို့ကြောင့် မြို့သားနှင့်လက်ထပ်ပြီးပါက ယခုထက်ပို၍ မြို့သားအားစိတ်ချမ်းသာအောင်ထားကာ မြို့သားတို့အပေါ်၌တင်နေသည့် ကျေးဇူးကြွေးများကိုဆပ်မည်ဟူ၍ စိတ်ဆုံးဖြတ်ထားလိုက်သည် ။
၃၅.၂
သက်ဝေ မူလက ကိုမြင့်နှင့်အတူ မြို့ထဲတွင်အိမ်တစ်လုံးဝယ်ရန်စိတ်ကူးခဲ့သော်လည်း ကိုမြင့်တို့အိမ်က မမျှော်လင့်ပဲ မီးလောင်သွားရသောကြောင့် ကိုမြင့်တို့သားအမိ၏စုဆောင်းငွေများသည် အိမ်ပြန်ဆောက်ရာတွင် အသုံးပြုလိုက်ရသဖြင့် မိမိနှင့်ကိုမြင့်၏ အိမ်ဝယ်မည့်အစီအစဉ်သည် မဖြစ်မြောက်လိုက် ။
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historyczneမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024