Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
အပိုင်း - ၃၁
၃၁.၁
မြို့သားက အတင်းဂျီကျနေသောကြောင့်သာ မြင့်မြတ် မြို့သားကို မြို့ထဲရှိတည်းခိုခန်းသို့ခေါ်လာရခြင်းဖြစ်ပြီး မြို့သား၏ကျန်းမာရေးကိုစိတ်မချ ။ ထို့ကြောင့် အိပ်ရာထဲတွင်ကွေးနေသောမြို့သား၏ဘေးတွင်ဝင်ထိုင်လိုက်ပြီး
" နေသာရဲ့လား မောင့်အသည်းအသက်လေး "
ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ မြို့သားက မျက်စိဖွင့်မကြည့်ပဲပြုံးသည် ။ ထို့နောက် လွတ်နေသောနေရာကို လက်နှင့်ပုတ်ပြပြီး
" ဒီမှာလာလှဲ "
ဟု ခေါ်သည် ။ ထို့ကြောင့် မြို့သား၏စကားအတိုင်း လွတ်နေသောနေရာတွင် ဝင်လှဲလိုက်သည် ။ ထိုအခါမှ မြို့သားက မျက်လုံးဖွင့်ကာ မိမိအား စိုက်ကြည့်သည် ။ ထို့နောက်
" ကျွန်တော့်ကိုယုံတယ်မဟုတ်လားဟင် "
ဟု မေးသည် ။ မြို့သားက ဤမေးခွန်းကို မည်သည့်အဓိပ္ပါယ်နှင့်မေးသည်ကိုမသိသော်လည်း ဤလောကကြီးထဲတွင် မိမိအယုံကြည်ရဆုံးလူက မြို့သားသာဖြစ်သောကြောင့် ခေါင်းညိတ်၍
" မောင့်အသက်ကို မောင်ကဘာကြောင့်မယုံရမှာလဲ .... သိပ်ယုံတာပေါ့ "
ဟု ပြောလိုက်သည် ။ မြို့သားက မိမိ၏စကားကို
" ထွေးရီပြောသွားတာတွေကတကယ်မဟုတ်ဘူးနော် မောင် .... ကျွန်တော်တကယ်ဘာမှမလုပ်ဘူး .... ဘာအဖွဲ့အစည်းနဲ့မှလည်းမပတ်သတ်ဘူး "
ဟု တုံ့ပြန်သောအခါမှ ထွေးရီပြောသွားသည့်စကားများကို မိမိနားယောင်သွားမည်ကို မြို့သားတစ်ယောက်စိုးရိမ်နေမှန်းသိတော့သည် ။ ထို့ကြောင့် မြို့သားကို မိမိရင်ခွင်ထဲသို့ရောက်အောင်ဖက်လိုက်ပြီး
" မောင့်အသက်ကိုကျော်ပြီး ထွေးရီရဲ့စကားကိုယုံရအောင် မောင်ကအရူးမှမဟုတ်ပဲ .... အဲ့ဒါကြောင့် ဘာမှစိတ်မပူနဲ့တော့ .... မောင်က အသက်ဘက်မှာအမြဲရှိနေမှာ "
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historyczneမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024