Update Schedule သုံးရက် တစ်ပိုင်း
^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^
အပိုင်း - ၇
၇.၁
စိုးတင့်က နွားလှည်းမောင်းသောကြောင့် မြင့်မြတ်က မြို့သားနှင့်အတူ အနောက်ဘက်တွင်ထိုင်ရသည် ။ ထို့ကြောင့် မြို့သားကို
" မြို့သား .... ပင်ပန်းနေရင် ကျုပ်ပေါင်ကိုခေါင်းအုံးပြီး ခဏလှဲလိုက်ပါလား "
ဟု ပြောလိုက်သည် ။ မိမိ၏စကားကို စိုးတင့်ကလည်း ထောက်ခံဟန်ဖြင့်
" ဟုတ်တယ် အစ်ကို ... အိပ်ပြီးလိုက်လာခဲ့ ... ခရီးကနှစ်နာရီလောက်ကြာအုံးမှာ .... ဒီအတိုင်းငုတ်တုတ်ဆိုရင် ပိုနုံးနေလိမ့်မယ် "
ဟု ဝင်ပြောသည် ။ စိုးတင့်နှင့်မိမိက အတင်းတိုက်တွန်း၍လော သို့မဟုတ် မြို့သားကိုယ်တိုင်က ပင်ပန်းနေ၍လောမသိ ။ စိုးတင့်၏စကားအဆုံးတွင် မြို့သားက မိမိကိုကြည့်ကာ
" ဒါဆို .... ကိုမြင့်ကို ဒုက္ခပေးရအုံးမယ် "
ဟု ပြောကာ မိမိပေါင်ပေါ်သို့ ခေါင်းတင်ကာလှဲသည် ။ ပြီးမှ
" ကိုမြင့်ညောင်းရင် ကျွန်တေျာ့ကိုအားမနာနဲ့ .... ပြောနော် "
ဟု ပြောသည် ။
၇.၂
လမ်းမညီသောနေရာဖြစ်၍ လှည်းကလှုပ်ရမ်းနေသော်လည်း အိပ်ပျော်နေသောမြို့သားကမူ တုတ်တုတ်ပင်မလှုပ် ။ ထို့ကြောင့် မြင့်မြတ်တစ်ယောက် မြို့သား၏နှာခေါင်းအနားတွင် လက်ညှိုးကိုထား၍ အသက်ရှု ၊ မရှု စစ်ဆေးကြည့်မိသည် ။ ပူနွေးသောလေတို့က လက်ညှိုးကို လာရောက်ထိတွေ့သောအခါမှ စိတ်အေးနိုင်သည် ။ စိုးတင့်ကမူ ဤအဖြစ်အပျက် မျိုးနှင့် ကြုံဖူးနေကျဖြစ်ဟန်တူသည် ။ မြို့သားကို အရိပ်တကြည့်ကြည့်ဖြစ်နေသောမိမိကို ပြုံး၍ကြည့်ကာ
" စိတ်ပူမနေနဲ့ ကိုမြင့်မောင်ကြီးရေ .... အစ်ကိုက သူ့ဘာသာပင်ပန်းလို့အိပ်နေတာ ... ဘာမှမဖြစ်ဘူး "
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historical Fictionမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024