- အချစ်၏ ပထမဆုံးရင်ခုန်သံ -
^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^
Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
အပိုင်း - ၁၂
၁၂.၁
မြို့သားက
" တခြားဟာတွေထက် ကိုမြင့်နဲ့ကျွန်တော်ဘယ်လိုတွေ့ခဲ့လဲဆိုတာကို မမှတ်မိဘူး "
ဟူသော စကားကိုပြောသော်လည်း မြင့်မြတ် ထိုစကားထက် လတ်တလော မြို့သားနေရထိုင်ရ အဆင်ပြေ ၊ မပြေကိုသာ သိချင်နေသောကြောင့်
" မြို့သား ... အခုနေရတာအဆင်ပြေရဲ့လား ... တစ်နေရာရာက နာနေတာမျိုးတွေဘာတွေရှိလား "
ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ မြို့သားက
" ပခုံးကနာနေတာကလွဲရင် အကုန်အဆင်ပြေပါတယ် "
ဟု ပြန်ဖြေသဖြင့် ဘေးတွင်ထိုင်နေသော စိုးတင့်ကိုကြည့်လိုက်ပြီး
" ဒီလောက်ဆို ကျုပ်တို့တအားစိတ်မပူလည်းရပြီမဟုတ်လား "
ဟူ၍ မေးလိုက်သည် ။ စိုးတင့်က ခေါင်းညိတ်ပြကာ
" ကိုမြင့်မောင်ကြီးတို့ စကားပြောနှင့်ကြအုံး ... ကျုပ်ဆရာဝန်ကို အစ်ကိုသတိပြန်ရလာပြီဆိုတဲ့အကြောင်းသွားပြောလိုက်အုံးမယ် "
ဟု ပြောပြီး ရှောင်ပေးသဖြင့် စိုးတင့်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည် ။ ပြီးမှ မြို့သား၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
" ကျုပ်ဖြင့် လန့်သွားတာပဲ မြို့သားရာ ... နောက်ဆို အဲ့ဒီလိုအလုပ်တွေကို တစ်ယောက်ထဲမလုပ်ပါနဲ့ .... အဲ့ဒီလိုလုပ်မဲ့အစား ကျုပ်ကိုပဲခိုင်းပါ ... မြို့သားအတွက်ဆို ကျုပ်က ဆယ်ဘဝပြန်လည်းသေရဲပါတယ် "
ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် မြို့သား၏မျက်နှာက သိသိသာသာတင်းမာသွားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ်ရှိန်သွားပြီး
" စိတ်ဆိုးသွားတာလား မြို့သား "
ဟု မဝံ့မရဲ မေးလိုက်သည် ။ အဖြေအစား
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historical Fictionမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024