၃၂

51 3 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၃၂

၃၂.၁

ရဲသားလေးနှစ်ယောက်က ကိုမြင့်တို့အိမ်အား မီးရှို့သူဟုထင်ရသောလူကို ဖမ်းခေါ်သွားကြပြီဖြစ်သောကြောင့် သက်ဝေလည်း ထိုင်နေရာမှထရန်ပြင်လိုက်သော်လည်း လွယ်လွယ်နှင့်ထ၍မရ ။ ခြေကျင်းဝတ်နေရာက မျက်ကနဲဖြစ်သွားပြီး မခံမရပ်နိုင်အောင်နာကျင်လာသည် ။ 

သို့သော် ...

အနီးအနားတွင် ကူညီပေးနိုင်မည့်လူလည်းမရှိသောကြောင့် အံကြိတ်ကာ မတ်တပ်ထရပ်လိုက်သည် ။ မတ်တပ်ထရပ်၍အောင်မြင်သွားပြီဖြစ်သောကြောင့် လဲနေသောစက်ဘီးကို ထူလိုက်သည် ။ 

စက်ဘီးက မိမိစက်ဘီးမဟုတ်၍ ပြန်ယူလာရခြင်းဖြစ်သော်လည်း ခြေကျင်းဝတ်နေရာက ပြင်းပြင်းထန်ထန်နာကျင်နေသောကြောင့် စက်ဘီးကိုပင်မတွန်းနိုင် ။ ထို့ကြောင့် ခပ်လှမ်းလှမ်းရှိ ခြံတစ်ခြံဆီသို့ ကြိုးစား၍တွန်းလာခဲ့လိုက်ပြီး စက်ဘီးကို ထိုခြံ၏ခြံစည်းရိုးတွင်ထောင်ကာ သော့ခတ်လိုက်သည် ။ ထို့နောက် တရွေ့ရွေ့နှင့်ပင် သူကြီး၏အိမ်ရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည် ။ 

၃၂.၂

မြင့်မြတ်တို့အိမ်အား ရွာသူ ၊ ရွာသားများက ကူညီ၍မီးငြှိမ်းပေးကြသော်လည်း မီးကကြီးသောကြောင့် အိမ်ကိုအကောင်းအတိုင်းပြန်မရတော့ ။ အိမ်ကိုအကောင်းအတိုင်းပြန်မရတော့သော်လည်း ဘေးပတ်ဝန်းကျင်ရှိအိမ်များအထိ မီးမကူးသွားသဖြင့် စိတ်အေးရသည် ။ ထို့ကြောင့် မိမိအားကူညီပေးခဲ့သည့်ရွာသူ ၊ ရွာသားများအား ကျေးဇူးတင်စကားပြောပြီး ဘေးပတ်ဝန်းကျင်ရှိအိမ်များအားတောင်းပန်စကားဆိုရန် ခြံထဲမှထွက်လာခဲ့လိုက်သည် ။ ထိုစဥ်

" ဗျိုး .... ကိုမြင့်မြတ်မောင် "

ဟူသော အော်သံနှင့်အတူ ဘုတိုက ခြံထဲသို့အပြေးတစ်ပိုင်းဝင်လာသည် ။ မိမိကိုမြင်သောအခါ

" ကိုမြင့်မြတ်မောင် .... ခင်ဗျားတို့အိမ်ဝိုင်းကိုမီးရှို့တဲ့လူကိုမိထားပြီတဲ့ .... အခုသူကြီးအိမ်မှာ " 

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now