၁၈

46 2 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^

အပိုင်း - ၁၈

၁၈.၁

ဆူပင်မဆူရသေး ။ မျက်ရည်များက မိုးရွာသကဲ့သို့ တဖြိုင်ဖြိုင်စီးကျလာသောမြို့သားကြောင့် မြင့်မြတ် ခြေမကိုင်မိ ၊ လက် မကိုင်မိ ဖြစ်နေရသည် ။ 

သို့သော် ....

ကြာကြာဖြစ်နေ၍မရ ။ မြို့သားက စိတ်ကောက်ကာ ထိုင်နေရာမှထပြီး အိမ်ထဲဝင်ရန်ပြင်နေသည် ။ ထို့ကြောင့် မြို့သား၏လက်ကို လှမ်းဆွဲလိုက်ပြီး

" ကျုပ်ပြောလို့မပြီးသေးဘူး မြို့သား "

ဟု အော်လိုက်သည် ။ မထိရက် မကိုင်ရက်နှင့် ပိုးလိုဥထားရသူကို အော်ရန်ဝေးစွ ။ လေသံမာမာနှင့်ပင် တစ်ခါမှမပြောခဲ့ဖူးသော်လည်း ယခု စိုးရိမ်စိတ်တို့က ကြီးစိုးနေသဖြင့် သတိလက်လွတ် အော်လိုက် မိသည် ။ မိမိက သတိလက်လွတ်အော်လိုက် မိသည်ကို အနှီအမျိုးကောင်းသားလေးက သိဟန်မတူ ။ စောစောကတည်းက ပျက်ယွင်းနေသောမျက်နှာက ပို၍ပျက်ယွင်းလာကာ နှုတ်ခမ်းက အရှေ့သို့ဆူထွက်လာသည် ။ ထို့ကြောင့် ဆွဲထားသောမြို့သား၏လက်ကို လွှတ်ပေးလိုက်ပြီး 

" ကျုပ်ပြောတာနားထောင်ပါအုံး မြို့သားရယ် "

ဟု လေအေးလေးနှင့်ပြောလိုက်သည် ။ 

၁၈.၂

စေတနာကို စေတနာမှန်းမသိပဲ လူကို အော်လိုက်ငေါက်လိုက် ၊ ဆွဲလိုက်ရမ်းလိုက်လုပ်နေသော ကိုမြင့်နှင့် သက်ဝေ လတ်တလောစကားပြောချင်စိတ်မရှိသဖြင့် 

" ကျုပ်ပြောတာနားထောင်ပါအုံး မြို့သားရယ် "

ဟု မျက်နှာငယ်ဖြင့်ပြောလာသော ကိုမြင့်ကို မမြင်ဟန်ဆောင်ကာ အိမ်ထဲသို့ဝင်ရန်ပြင်လိုက်သည် ။ ထိုစဥ်မှာပင် ကိုမြင့်၏ ရုတ်တရက် ပွေ့ချီခြင်းကို ခံလိုက်ရသည် ။ ကိုမြင့်က မပြောမဆိုနှင့် ပွေ့ချီလိုက်သောကြောင့် အချိန်အနည်းငယ်ကြာအောင် ကြောင်အသွားမိသည် ။

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now