၃.

46 0 0
                                    

Update Schedule   သုံးရက် တစ်ပိုင်း

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^


အပိုင်း - ၃

၃.၁

စိုးတင့်က ဘုန်းကြီးကျောင်းဝန်းဘေးရှိ ထိုခြုံပုတ်နေရာတွင် ဟိုးယခင် သီပေါမင်းလက်ထက်ကတည်းက တည်ဆောက်ထားခဲ့သော အုတ်ဂူတစ်လုံးရှိကြောင်းနှင့် ထိုအုတ်ဂူထဲတွင် မြှုပ်နှံခံထားကသူသည် ယခုအချိန်အထိ မကျွတ်လွတ်သေး ။ ထို့ကြောင့် ဤအုတ်ဂူအနားတွင် မည်သူမှမနေရဲကြ ။ လူများမနေရဲသဖြင့် ရွာဦးဘုန်းကြီးကျောင်းနှင့် ရွာဦးစေတီကို ဤနေရာအနီးတစ်ဝိုက်တွင် တည်ဆောက်ခဲ့ကြောင်း စီကာပတ်ကုံး ပြောပြသဖြင့် သက်ဝေ သဘောမကျစွာဖြင့် မျက် မှောင်ကြုတ်ကာ

" မင်းတို့ဟာကလည်းကွာ .... ဘယ်သရဲက အဲ့ဒီလောက်အကြာကြီး တစ်နေရာထဲမှာနေနိုင်မှာလဲ .... ပြီးတော့ အဲ့ဒီလောက်အထိ ဘယ်သရဲက အသက်ရှည်လို့လဲ "

ဟု မေးလိုက်သည် ။ စိုးတင့်က မိမိ၏မေးခွန်းကို

" အစ်ကိုကလည်း သရဲကြီးသွားရင် သဘက်ဖြစ်သွားတယ်တဲ့ .... မကြားဖူးဘူးလား "

ဟု ပြန်ဖြေသဖြင့် ခေါင်းခါကာ

" မင်းဟာကလည်း ပေါတောတောနဲ့ကွာ "

ဟူ၍ မှတ်ချက်ချလိုက်သည် ။

၃.၂

မြင့်မြတ်တွင် တစ်နေကုန်အလုပ်မရှိသော်လည်း ညနေစောင်းလျှင်တော့ အလုပ်ရှိသည် ။ ထိုအလုပ်ကား အခြားမဟုတ် ။ ရွာထိပ်ရှိရေကန်တွင် ရေခပ်ဆင်းကြသော ရွာထဲမှမိန်းမပျိုလေးများကို ကာကွယ်သည့်အလုပ်ဖြစ်သည် ။ မိခင်ဖြစ်သူကမူ ရွာထဲမှ မိန်းကလေးအချောအလှများကိုကြည့်လို၍ ဤအလုပ်ကိုလုပ်ခြင်းဖြစ်သည်ဟု ပြောသော်လည်း တကယ်တမ်းတွင် ရွာထဲမှ မည်သည့်မိန်းကလေးကိုမှ ဟုတ်တိပက်တိစိတ်မဝင်စား ။ ထိုမိန်းကလေးများကိုပိုးလိုသည့် တစ်ဖက်ရွာမှကာလသားများရှိန်အောင်သာ ညေနေရခပ္ဆင္းချိန်တိုင်း ရေတွင်းတွင်သွားကာအချိန်ဖြုန်းနေခြင်းဖြစ်သည် ။

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now