Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
အပိုင်း - ၂၈
၂၈.၁
စိုးတင့်အားအသုံးချကာ ဓားပြအဖွဲ့၏ အဖွဲ့ချုပ်နေရာအား ရအောင်စုံစမ်းရန်စိတ်ကူးထားသော်လည်း စိုးတင့်က ယခုတလောငြိမ်သက်နေ၍ သက်ဝေ စုံစမ်းရန်လမ်းစပျောက်နေသည် ။
သို့သော် ...
ရွာဦးစေတီကို ဌာပနာဖောက်သည့်ကိစ္စနှင့်ပတ်သတ်ပြီး စိုးတင့်ဘက်က တစ်ခုခုလှုပ်ရှားပေလိမ့်မည်ဟု ယူဆထားသောကြောင့် ယခုနှစ်ရက်သုံးရက်အတွင်း ကိုမြင့်ထံသို့လည်းမသွား ၊ ကိုမြင့်နှင့်လည်း စကားမပြောဖြစ်သည့်အပြင် ကိုမြင့်ကလည်း ရောက်မလာသဖြင့် အိမ်ထဲတွင်သာအောင်း၍ စိုးတင့်ကို စောင့်ကြည့်နေမိသည် ။ ဤသို့ ဇွဲမလျှော့ပဲ စိုးတင့်အား နေ့နေ့ညညစောင့်ကြည့်နေခဲ့ရာ ယနေ့မနက်တွင်မူ စာပို့ခိုနှင့်စာပို့ရန်စီစဥ်နေသောစိုးတင့်ကို တွေ့လိုက်ရသည် ။
ရက်အနည်းငယ်ကြာအောင် အပင်ပန်းခံ၍ စိုးတင့်အားစောင့်ကြည့်နေခဲ့သည်မှာ လူလုံးထွက်ပြကာ ဝုန်းကနဲဖမ်းလိုက်ရန်အတွက်ဖြစ်သော်လည်း မိမိ၏စိတ်က ယခုအချိန်အထိ စိုးတင့်တွင်အပြစ်မရှိဟု ယူဆထားမိနေဆဲဖြစ်သောကြောင့် စိုးတင့်ကိုချောင်းဖမ်းရမည့်အစား စိုးတင့်၏စာပို့ခိုကိုသာ ထောင်ဖမ်းလိုက်သည် ။ စာပို့ခိုက မိမိထောင်ချောက်အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ဝင်လာသောကြောင့် စာပို့ခို၏ခြေထောက်တွင်ချည်ထားသောစာရွက်လေးကို အသာဖြုတ်ကြည့်လိုက်သည် ။
" ဌာပနာမအောင်မြင် ။ ရိပ်မိသူရှိ ။ လှုပ်ရှားမှုရပ်နားထား "
ဟု စာရွက်ထဲတွင်ရေးထားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည် ။ ထို့အပြင် စာရွက်ထဲတွင် ရိပ်မိသူဟူသောစာလုံးပါနေသောကြောင့် ထိုရိပ်မိသူဟူသောစာလုံးသည် မိမိအားရည်ညွှန်းခြင်းဖြစ်ပေလိမ့်မည်ဟု တွက်ဆမိသည် ။ ထို့ကြောင့် မဲ့ပြုံး,ပြုံးလိုက်ပြီး
" အခြေအနေကတော့ ဒီလိုဆိုမှတော့ တိုက်ရိုက်တိုက်စစ်ဖွင့်ရတော့မှာပေါ့ "
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Narrativa Storicaမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024