၃၆

128 1 0
                                    

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၃၆

(ဇာတ်သိမ်း)

၃၆.၁

ယနေ့က မြင့်မြတ်နှင့်မြို့သား
မင်္ဂလာဆောင်အခမ်းအနားကျင်းပမည့်နေ့ဖြစ်သည် ။ ရန်ကုန်တွင် မည်ကဲ့သို့မင်္ဂလာဆောင်ကြသည်ကိုမသိသော်လည်း မိမိတို့ထံတွင် မနက်အရုဏ်ဆွမ်းကပ်အမှီ ထပြင်ဆင်ရသောကြောင့် မနက်တစ်နာရီကတည်းက ကာယကံရှင်ဖြစ်သည့်မိမိတို့အပါအဝင် နှစ်ဖက်ဆွေမျိုးမိဘများကပါ မင်္ဂလာပွဲတက်ရန် ထပြင်ဆင်နေကြပြီဖြစ်သည် ။ ထို့ကြောင့် မိမိနှင့်မြို့သားသည်လည်း မင်္ဂလာပွဲကျင်းပရန် အများနည်းတူ ထပြင်ဆင်နေရပြီဖြစ်သည် ။

မြို့သားက တိုက်ပုံအဖြူရောင်နှင့်ပုဆိုးကို ဆင်တူဝတ်ဆင်ရန်စီစဥ်ထားသောကြောင့် မြို့သားစီစဥ်ပေးသည့်အတိုင်းဝတ်ဆင်ပြီး မြို့သားပြင်ဆင်၍အပြီးကို စောင့်နေလိုက်သည် ။ ထိုစဥ်

" ကိုမြင့်ရေ "

" အရီးဥရေ "

ဟူသော အော်သံနှင့်အတူ ရွာထိပ်တွင်ကင်းစောင့်ရသည့် ဖိုးဇော်က ခြံဝန်းထဲသို့ပြေးဝင်လာသည် ။ ဖိုးဇော်၏ပုံစံက တစ်စုံတစ်ရာကို ထိတ်လန့်နေသည့်ဟန်ဖြစ်နေသောကြောင့် အကုန်လုံးထိတ်လန့်သွားရကာ

" ဘာလဲ "

" ဘာဖြစ်တာလဲ "

ဟု ဝိုင်းမေးကြသည် ။ ဖိုးဇော်က

" လူတွေ "

" လူတွေအများကြီးရယ် .... ကျုပ်တို့ရွာဘက်ကိုမီးတုတ်တွေနဲ့လျှောက်လာကြတယ် "

ဟု အဖြေပေးသဖြင့် မြို့သား၏မျက်နှာကို ကြည့်လိုက်မိသည် ။ မြို့သားက မျက်မှောင်ကြုတ်ကာ

" အကုန်လုံးသိပ်စိတ်မပူကြပါနဲ့ .... ကျွန်တော်ကြည့်ဖြေရှင်းလိုက်ပါ့မယ် "

ဟု ပြောပြီး ဖိုးဇော်၏အနောက်သို့လိုက်ရန်ဟန်ပြင်သောကြောင့် မိမိလည်း

" မောင်လည်းလိုက်မယ် အသက် "

ဟူ၍ ပြောကာ မြို့သားထံသို့ လျှောက်သွားလိုက်သည် ။

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now