Update Schedule သုံးရက် တစ်ပိုင်း
^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^
အပိုင်း - ၁၉
၁၉.၁
မြို့သားက ငယ်စဉ်ကလေးဘဝကအကြောင်းကို ပြန်ပြောပြနေရင်းမှ ရုတ်တရက်
" အဲ့ဒါကြောင့် ကိုမြင့်လည်းကျွန်တော်နောင်တရအောင် ကျွန်တော်စီစဉ်တာကိုမငြင်းနဲ့ "
ဟု ပြောသည် ။ ထို့ကြောင့် မြင့်မြတ် ဟက်ကနဲရယ်လိုက် မိသည် ။ ပြီးမှ ဆုပ်ကိုင်ထားသော မြို့သား၏လက်ကို ဖွဖွနမ်းလိုက်ပြီး
" ဒါဖြင့် မြို့သားလည်းကျုပ်ကိုကတိပေး .... ကျုပ်ကိုမပြောပဲဘာမှမလုပ်ပါဘူးလို့ "
ဟု ပြောလိုက်သည် ။ မြို့သားက ကြည်ဖြူစွာခေါင်းညိတ်ပြသဖြင့်
" ဒါဆို .... ကျုပ်တို့နောက်ထပ်ဒီလိုအရေးမပါတာတွေအတွက်နဲ့ ရန်မဖြစ်ကြတော့ဘူးနော် "
ဟု ပြောကာ မြို့သားကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည် ။
" အို .... ကိုမြင့် .... ခင်ဗျားဘယ်လိုဖြစ်နေတာလဲ .... အမေရှိတယ်လေ "
ဟူသော ရှက်ဝဲဝဲစကားသံကိုကြားသော်လည်း လွှတ်ပေးလိုက်လျှင် ဤလူသားလေး မိမိအနားမှပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် လွှတ်မပေးပဲ ပို၍တင်းကြပ်စွာဖက်ထားလိုက်သည် ။
၁၉.၂
သက်ဝေ ကိုမြင့်နှင့်တစ်ခါရန်ဖြစ်ပြီးနောက် အလုပ်ရှုပ်နေသဖြင့် နောက်ထပ်ရန်မဖြစ်နိုင်အား ။ ထို့အပြင် ဆေးပေးခန်းကလည်း ဆောက်၍ပြီးနေပြီဖြစ်၍ ဆေးပေးခန်းတွင်လိုအပ်သည်များကို ဝယ်ရခြမ်းရ ၊ ဆေးပေးခန်းတွင်ထိုင်မည့်ဆရာဝန်အတွက် လိုအပ်သည်များကို ပြင်ဆင်ပေးရနှင့် ကိုမြင့်ကိုပင် အချိန်မပေးနိုင် ။
သို့သော် ....
ကိုမြင့်က မညည်းညူရှာ ။ စိတ်ရှည်လက်ရှည်ဖြင့် မိမိသွားလေရာဆီသို့ တကောက်ကောက်လိုက်ကာ လိုအပ်သမျှကို ဖြည့်ဆည်းပေးရှာသည် ။ ထို့ကြောင့် ယနေ့တစ်ရက် ကိုမြင့်အားအချိန်ပေးမည်ဟုစိတ်ကူးကာ ဆေးပေးခန်းသို့မသွားပဲ ကိုမြင့်တို့အိမ်ဘက်သို့ ထွက်လာခဲ့လိုက်သည် ။
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)