၁၆

49 3 0
                                    

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^

အပိုင်း - ၁၆

၁၆.၁

ထမင်းပန်းကန်ထဲသို့ ရုတ်တရက်ရောက်လာသော ကြက်အသည်းတစ်တုံးကြောင့် သက်ဝေ ထမင်းစားခြင်းကို ရပ်လိုက်ပြီး ကိုမြင့်အားကြည့်လိုက်သည် ။ ထိုအခါ ကိုမြင့်က သွားဖြီး၍ရယ်ပြကာ

" အားမနာနဲ့ ... ကိုယ့်အိမ်လိုသဘောထား "

ဟု ပြောသည် ။ ထို့ကြောင့် ဟက်ကနဲရယ်လိုက်ကာ

" ဒီမှာဒါတွေရှားတယ်မဟုတ်လား .... ကိုမြင့်ပဲစားပါ "

ဟု ပြော၍ ကိုမြင့်၏ထမင်းပန်းကန်ထဲသို့ ကြက်အသည်းကို ပြန်ထည့်ပေးလိုက်သည် ။ 

သို့သော် .... 

ကိုမြင့်က လက် မခံ ။ 

" ဟာ ဘာဖြစ်လို့စားရမှာလဲ .... မြို့သားကဧည့်သည် ကျုပ်ကအိမ်ရှင်လေ .... အိမ်ရှင်က ဧည့်သည်ကိုဦးစားပေးရမှာပေါ့ "

ဟု ပြောပြီး ကြက်အသည်းတုံးကို ပြန်ပေးလာသည် ။ ဤအတိုင်းဆိုလျှင် သနားစရာကြက်အသည်းလေးခမြာ ဟိုဘက်သည်ဘက်ပန်းကန်နှစ်ခုအား ဟင်းဘဝနှင့် ကူးခတ်နေရအုံးမည်ဖြစ်သောကြောင့် ဤကြက်အသည်းကို နှစ်ပိုင်း,ပိုင်းလိုက်ကာ တစ်ပိုင်းကို ကိုမြင့်၏ထမင်းပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။

၁၆.၂

မြို့သားတို့အိမ်နှင့် ​မြင့်မြတ်တို့အိမ်အကွာအဝေးက စက်ဘီးနှင့်ဆိုလျှင် ငါးမိနစ်ပင်မကြာသောခရီးဖြစ်သော်လည်း လမ်းလျှောက်ပါက ငါးမိနစ်နီးပါးကြာသည် ။ ​ယခုမှရထားသော အသစ်စက်စက်ရည်းစားလေးနှင့် မခွဲလိုသေးသည့်အပြင် မြို့သားက ထမင်းစားပြီးပြီးချင်း စက်ဘီးမနင်းရန်ပြောသောကြောင့် မြို့သားနှင့်စကားပြောရင်း မြို့သားတို့အိမ်ဘက်သို့ လျှောက်လာခဲ့လိုက်သည် ။ ဤသို့ လမ်းလျှောက်ကာ စိတ်ကူးပေါက်သည့်စကားများကိုပြောကြရင်း မြို့သား မိမိအား ရုတ်တရက် အဖြေပေးလိုက်သည့်အကြောင်းဆီသို့ စကားကရောက်လာသည် ။ ထို့ကြောင့် မြို့သား၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now