Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^
အပိုင်း - ၂၀
၂၀.၁
မိမိနှင့်မြို့သားကို ချောင်းနေရုံလောက်နှင့် စိုးတင့်ကို သံသယဝင်ရန်မသင့်တော်သော်လည်း မြင့်မြတ်၏စိတ်ထဲတွင် လေးနေသည် ။ မိမိစိတ်ထဲမှသံသယကို မြို့သားကိုထုတ်ပြောရန်ကလည်း စိုးတင့်က မြို့သား၏ညီဖြစ်နေသည် ။ ထို့ကြောင့် စိတ်ထဲမှအထုတ်ကြီးကို တစ်ယောက်ထဲသယ်ပိုးနေရသည် ။ မည်မျှကြာအောင် အတွေးလွန်နေမိသည်မသိ ။ မွှေးပျံ့သောတူးနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသောအခါမှ သတိဝင်လာပြီး လုပ်နေသည့်အလုပ်ကို သတိရသည် ။
သို့သော် ....
ဒယ်အိုးထဲမှ တို့ဖူးကြော်ဝါဝါလေးက အမဲရောင်အဖြစ်သို့ပြောင်းနေပြီဖြစ်သည် ။
ထို့ကြောင့် ခေါင်းကိုတဗြင်းဗြင်းကုတ်ကာ
" မြင့်မြတ်မောင်တို့က လုပ်လိုက်ရင်တလွဲချည်းပဲဟေ့ "
ဟု ပြော၍ အိုးကိုမီးဖိုပေါ်မှချလိုက်သည် ။ တစ်ဆက်ထဲမှာပင် နာရီကိုကြည့်လိုက် မိသည် ။
၂၀.၂
ဆယ့်တစ်နာရီမထိုးခင်အရောက်လာရန် မှာထားသော်လည်း ကိုမြင့်က ဆယ့်တစ်နာရီခွဲသည်အထိ ပေါ်မလာသဖြင့် သက်ဝေ စိတ်ကောက်ချင်လာသည် ။ ထို့ကြောင့်
" မှတ်လောက်သားလောက်အောင် ပညာပြအုံးမယ် "
ဟု စိတ်ထဲတွင် ရေရွတ်ကာ ထပြန်ရန်စိတ်ကူး၍ မတ်တပ်ထရပ်လိုက်သည် ။ ထိုစဥ်
" မြို့သား "
ဟူသော ခေါ်သံနှင့်အတူ စက်ဘီးတစ်စီးက မြင်ကွင်းထဲသို့ရောက်လာသဖြင့် ခါးထောက်၍ စက်ဘီးပိုင်ရှင်အား ကြည့်လိုက်သည် ။ စိတ်ကောက်ရန်ရည်ရွယ်ချက်ဖြင့် စက်ဘီးပိုင်ရှင်အား ကြည့်လိုက်ခြင်းဖြစ်သော်လည်း ညာဘက်ပါးနှင့်နဖူးတွင် အိုးမဲများပေနေသော စက်ဘီးပိုင်ရှင်၏ပုံစံကြောင့် အားရပါးရပြုံးလိုက်ကာ
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)