Part2(Uni)

2.6K 138 19
                                    

စီးပွားရေးလောကတွင် ဦးအောင်ချစ်ခင် ဟု အသံကြားသည်နှင့် မျိုးရိုးစဥ်ဆက်ချမ်းသာသောမိသားစု ကတိသစ္စာကြီးမားကာ မှန်မှန်ကန်ကန် လုပ်ကိုင်တတ်သော ကုန်သည်ပွဲစားကြီးမိသားစုမှ ပုဂ္ဂိုလ်မှန်း လူသိများခဲ့သည်သာဖြစ်သည်။

သမီး ဇင်ယော်ချစ်ခင်သည် မိတဆိုးသမီးအဖြစ် တမျိုး တဦးတည်းသောသမီးအဖြစ်တဖုံ ဦးအောင်ချစ်ခင်၏ အစွမ်းကုန်အလိုလိုက်ပံ့ပိုးမှုကို ရရှိခဲ့သူပင်။ ဇင်ယော်ချစ်ခင်၏ ရုပ်ရည်ရူပကာနှင့် ပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာ ဂုဏ်သတင်းတို့သည် အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ပန်းသတင်းလေးညင်းဆောင်သလို ပျံ့မွှေးနေခဲ့ပါသည်။

"ဖေဖေ ဇင်ယော် အင်ဂျင်နီယာ ဖြစ်ချင်တယ်"

" သမီးလေး ....တကယ်ပြောတာလား ..အလှကြိုက်ပြီး နွဲ့နှောင်းတဲ့သမီးလေးက အင်ဂျင်နီယာ အလုပ်နဲ့ အဆင်ပြေပါ့မလား"

"ဖေဖေကလဲ... ဇင်ယော်က တခုခု ဆုံးဖြတ်ပြီးရင် ပေါက်မြောက်အောင်လုပ်တာပဲကို ဖေဖေစောင့်သာကြည့်နေလိုက်"

"ဖေဖေကစိတ်ပူလို့ပါ သမီးလေးရယ် "

"ဇင်ယော်က ဆောက်လုပ်ရေး ကိုဝါသနာပါလို့ပါ ဖေဖေရဲ့"

"သမီးလေးသဘောအတိုင်းဖြစ်ရပါစေမယ်ဗျား"

ဟုတ်ပါသည်။ သူ့ဘဝ၏ အချစ်ရဆုံးသမီးလေး ဇင်ယော်ချစ်ခင် သည် ပြောသည့်အတိုင်း ပေါက်မြောက်အောင်မြင်အောင် ကြိုးစားပြခဲ့သည်သာဖြစ်သည်။

တက္ကသိုလ်တက်နေစဥ်ကတည်းက ဖခင်ဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများကို ကူညီဝင်ရောက်ခဲ့သော ဇင်ယော်ချစ်ခင်လေးသည် သူမဝါသနာပါသော ဆောက်လုပ်ရေးကမ်ပဏီတစ်ခု တည်ထောင်ချင်သည်ဟုပြောသောအခါ သမီးအပေါ်လုံးဝယုံကြည်စွာနှင့် သားအဖနှစ်ယောက်သည် Zin Yaw ဆောက်လုပ်ရေးကို ထူထောင်ခဲ့ကြသည်။
လက်တွဲညီသော ကံတူအကျိုးပေး သားအဖဟုပြောလို့ရမည်ထင်သည်။ မှန်ကန်စွာဆောင်ရွက်ခြင်း မိတ်ဆွေသင်္ဂဟပေါများခြင်း စီးပွားရေးအမြင်ကျယ်ခြင်းတို့ကြောင့် ဇင်ယော်ချစ်ခင် ဦးဆောင်သော ဇင်ယော်ဆောက်လုပ်ရေး (Zinyaw construction Group) သည် ထိပ်တန်းသို့ရောက်လာခဲ့ရသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now