"Happy birthday လင်းယုန်... တရားဝင်လူကြီး ဖြစ်ပြီပေါ့ ဟုတ်လား "
ကောင်းစည်သူက ဝင်လာသည်နှင့် မွေးနေ့ရှင် လင်းယုန်ကို အရေးတယူနှုတ်ဆက်လိုက်သည်။
ကောင်ငယ်လေးက စိတ်လှုပ်ရှားသလို လက်နှစ်ဖက်ကိုပွတ်လိုက် ဆံပင်သပ်လိုက်လုပ်နေသည်။"ကိုကောင်းစည်သူကိုလည်း Congratulations.. PNT မှာ CEO ဖြစ်လာတယ်လို့ သတင်းကြားတယ်... Wedding ဘယ်တော့လဲ အကို"
" မင်းမရီးလောင်း က UK ပြန် သွားဖို့ ကြိုးစားနေတယ်.. UK မှာ သူ့ဘွဲ့အတွက် စာတမ်းတင်တာတွေအကုန်ပြီးမှ Wedding လုပ်ဖြစ်မယ် "
ကောင်းစည်သူသည် ရွှင်လန်းနေပါသည်။ မမျှော်လင့်သော ဖူးစာဆုံခြင်း၏ တဖက်မှာ လူရိုးလူအေးကြီးသည် အချစ်နှင့်တွေ့သွားပြီဆိုတာ ပြောစရာမလိုလောက်အောင်သိသာနေသည်မို့လင်းယုန်ပါပျော်မိသလိုလိုဖြစ်လာရသည်။
"အဲ့အချိန်ဆို ကျွန်တော် ဒီမှာမရှိတော့ဘူး.. ခုပဲ Cornell အပါအဝင် တက္ကသိုလ် ၃ခုလောက်ကို ကို ဝင်ခွင့်တင်ထားပြီ.. ကိုကြီးက ကျောင်းပိတ်ရက် အိမ်ပြန်မလာနဲ့တဲ့ သင်တန်းတွေဆက်တက်ခိုင်းထားတာ "
"Cornell က ငါတို့တက်ခဲ့တဲ့ကျောင်းပဲ... ကောင်းပါတယ် Management လိုင်းပဲမလား.. သူက US မှာ အဆင့်၉ ရှိတယ် "
"ဟုတ်တယ်အကို Management ပဲယူထားတယ် "
စာမေးပွဲဖြေပြီး မကြာသေးသည့်အချိန်မှာပင် သူ့ညီ လင်းယုန်သည် ၁၈နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ဖြူစင်စိုဝင်းသောအသားအရေ ၆ပေပြည့်ခါနီးအရပ်နှင့် ခပ်မိုက်မိုက် ကိုယ်ဟန်အနေအထားတို့ပေါင်းစပ်သောအခါ တကယ့်ကို လူချောလေးဖြစ်လာခဲ့လေပြီ။
မနက်ကို အဖေအမေအဖိုးနဲ့ဘုရားသွား မနက်စာစား နေ့လည်ကိုသူငယ်ချင်းများကိုမုန့်လိုက်ကျွေးပြီးသည့်အခါ ညနေကျရင် အထူးအစီအစဥ်ရှိသည်ဟု သူကပြောထားသဖြင့် သူခေါ်ရာရောက်နေရခြင်းပင်။
ရဲဇင်ယော်မြင့်သည် ဆေးလိပ်ဖွာနေရင်း စင်ပေါ်မှ ပုလင်းများကိုရွေးထုတ်နေသည့် ခွန်နောင်ဆင့်ကို တချက်မျက်ခုံးပင့်ကြည့်လိုက်သည်။ ခွန်နောင်ဆင့်က ပြုံးစစနှင့် ပုလင်း ၂လုံးကိုမြှောက်ပြသည်။
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...