"ငါ နင့်ကို ချစ်တယ် ... ရှု "
" ဟင်... "
"တကယ်ပြောတာ ငါနင့်ကိုချစ်တယ်"
"ငါကတော့ နင့်ကိုမချစ်ဘူး လင်းယုန်... "
ဟာ...လင်းယုန်ရင်ထဲ ဟာကနဲ ဖြစ်သွားခဲ့သည် ။ သူ့ကို မှုန်တင်းတင်းမျက်နှာထားဖြင့် စိုက်ကြည့်နေသော မျက်ရှုကို ယူကျုံးမရစွာ အကြည့်တို့ကိုဆုံစည်းလိုက်ရပါသည်။
"ဘာဖြစ်လို့လဲ.. ငါကဘာဖြစ်နေလို့လဲ... "
"တစ်အချက် ငါနင့်ကိုမချစ်လို့... နှစ်အချက် အချစ်မှာအကြောင်းပြချက်မရှိလို့ သုံးအချက် နင့်အကိုနဲ့နင့်မိသားစုကို ငါကြောက်လို့... လေးအချက်က နင်တကယ်ငါ့ကိုမချစ်လို့... "
"ဟာ ဒါတော့များပြီ ရှု... ငါကနင့်ကို တကယ်ခံစားချက်နဲ့.. "
"နေဦး ငါပြောတာ မပြီးသေးဘူး "
"ငါတို့အသက်တွေငယ်သေးတယ် လင်းယုန်...ခုမှ ၁၈နှစ်... ဒါစိတ်ကစားတာလဲ ဖြစ်ကောင်းဖြစ်နေနိုင်မယ် နင့်စိတ်ထဲ နင်ငါ့ကိုတကယ်ချစ်တယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်.. ဒါပေမယ့် နင်တွေ့နေကျနင့်ပတ်ဝန်းကျင်က သူဌေးသမီးတွေနဲ့ငါကမတူတဲ့အခါ ..... နင်တွေ့နေကျအိမ်လို နင်မြင်နေကျမိသားစုတွေလို မတူဘဲကွဲပြားခြားနားနေတဲ့ ငါ့ကို နင် သိလာရတော့ စိတ်ဝင်စားနေတာ.. ငါအဲ့လိုယူဆတယ်... "
"နင် ငါ့စိတ်ကိုရော ငါ့အချစ်ကိုရော စော်ကားသလိုဖြစ်နေပြီ ရှု ရာ "
"မရည်ရွယ်ပါဘူး လင်းယုန်... ငါပြောတာမှန် မမှန်သိချင်ရင် နင်နိုင်ငံခြားက ဘွဲ့ယူပြီးပြန်လာတဲ့အခါ ငါနဲ့လာတွေ့... အဲ့အချိန်မှာ ပြန်ဆန်းစစ်ကြည့်.. ငါ့ကိုချစ်သေးလားလို့.. ဟုတ်ပြီလား"
"နင်ကရော စောင့်နေမှာလား... "
" ကတိတော့မပေးနိုင်ပေမယ့် အဲ့အချိန်အထိ ငါ ငါ့ဘဝအတွက် ကြိုးစားနေရဦးမယ် ထင်တယ်.. အချစ်ကိုငါမသိသေးဘူး လင်းယုန် "
"နင်နဲ့ ငါ သူငယ်ချင်းတော့ဆက်ဖြစ်နေနိုင်သေးတယ်မလားဟင် "
"အွန်း နင်က ငါ့ရဲ့အမြဲတမ်း သူငယ်ချင်းပါပဲ လင်းယုန်"
"ခုတော့ နင်ငြင်းလိုက်တော့ ငါအသည်းကွဲရပြီ ရှုရာ... "
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...