Part10(Uni)

2.1K 138 9
                                    

ရဲဇင်ယော်မြင့်သည် ဘိလိယက်ခုံပေါ်တွင် နေရာယူရင်း cue ball ကိုကြည့်ကာ ရိုက်လိုသောအမှတ်များနှင့် ရိုက်လိုသောဘောလုံးကို မြင်ယောင်ကြည့်ရင်း ချိန်ဆကာ ထိုးချလိုက်သည်။ စူးရှနက်မှောင်သောမျက်လုံးများက တွန့်ချိုးထားသည့်မျက်ခုံးနှင့် လိုက်ဖက်စွာ တည်ရှိနေသည်။ သူ့ဘေးကရှမ်းပဲပုတ်လေး ခွန်နောင်ဆင့်ကတော့ သူ၏ မမီတမီစည်းထားသည့်ဆံပင်ဂုတ်ဝဲလေးကို တချက်ခါလိုက်ရင်း ဘိလိယက်ကျူတံထိပ်လေးကို မြေဖြူခဲလေးနှင့်ပွတ်ကာ သူ့အလှည့် ဘယ်လို ဝင်ထိုးရမလဲ ကြိုအကွက်ချနေပြီဖြစ်သည်။

" မင်း စံပြလမ်းမြေကွက် မဆောက်ချင်သေးဘူးဆို ငါ့ကိုပြန်ရောင်းလိုက်"

ကောင်းစည်သူက  I Pad လေးတွင် ထိုမြေကွက်အတွက် အိမ်ပုံစံလေးကို နေရာချရင်း ရဲဇင်ယော်မြင့် ကို လိုက်စနေသည်။ ညီဖြစ်သူ ကို မျက်ခြေမပြတ်လိုက်ကြည့်ရန်အတွက် ဤသို့ ကြိုးစားအားထုတ်နေခြင်းသည် ဘော်ဒါတွေကြားတွင် သူ့မှာ စ စရာ နောက်စရာ ဖြစ်နေတော့သည်

" စကားမရှည်နဲ့ မြွေပွေး.. မင်း ခွန်နောင်ဆင့်အိမ်နား မြေကွက်တကွက်ဝယ်ထားပြီးပြီလေ..... အဲ့ရပ်ကွက်ထဲ မင်းက ဘာသွားလုပ်မလို့... "

"အဲ့ကောင်မလေးမှာ အမရှိတယ်ဆို... မြွေပွေးက သွားရှိုးမလို့နေမှာပေါ့... "

"လိ ...မင်းမေကြီးတော်...ရှမ်းပဲပုတ်  "

ကောင်းစည်သူ က ရှက်ဝဲဝဲနှင့်ထဆဲသည်။ မိန်းကလေးတွေနှင့်စနောက်လိုက်လျှင် ရှက်သွားသည့် မျက်နှာက ဟန်ဆောင်ထား၍မရသဖြင့် နားရွက်ဖျားထိ နီမြန်းသွားသည်။

"ရော့... အိမ်ပုံအကြမ်း... ရပ်ကွက်ထဲက စျေးဆိုင်နဲ့အိမ်တွဲရက်ပုံစံလေး.. ပြန်ရောင်းရင်လဲ ရောင်းထွက် မြန်အောင်.. ဒါမှမဟုတ် ကန်ထရိုက်တိုက်ပဲဖြစ်ဖြစ်ဆောက်မယ်ဆိုလဲ ငါ ပုံစံပြန်ပြောင်းပေးမယ်.. "

"အမှန်တော့ကန်ထရိုက်က ပိုမြတ်ပါလိမ့်မယ်..  အဲ့ရပ်ကွက်ပုံစံက ငွေရှိတဲ့လူတွေလဲရှိတယ် စရိုက်ကျတာလဲရှိတယ် ရောထွေးနေကြတာ... ငါကတော့ အမြတ်လိုချင်တာမှမဟုတ်တာ... မြွေပွေး .. ငါ နှစ်ထပ်တိုက်မကြိုက်ဘူး 4ထပ်တိုက် လောက်လုပ်လိုက် ငါကစိမ်ပြေနပြေအချိန်ဆွဲပြီးဆောက်မှာ ... "

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now