Part16(Zawgyi)

575 9 0
                                    

USA,နယူးယောက်မြို့

" အဖေ... နေကောင်းဖို့ပဲ လိုတယ်... အမေလဲ ဂရုစိုက်ပေးပါဦး...အဲ့တွက်မပူပါနဲ့ ကျွန်တော်စဉ်းစားကြည့်လိုက်ပါမယ် ...အင်း... စာလဲ ကြိုးစားနေပါတယ် "

လင်းယုန်သည် ဗီဒီယိုကောကို ပိတ်လိုက်ရင်း သက်ပြင်းချကာ ငြိမ်သွားသည်။ Laptop စခရင်မ် ကို ငေးကြည့်ကာတွေဝေနေမိသည်။
တာဝန်နှင့်ဝတ္တရားများသည် သူ မမျှော်လင့်သည့်အချိန်တွင်ပင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကြွရောက်လာခဲ့ချေပြီ ။ ကျန်းကျန်းမာမာကြီးဟု ထင်ထားခဲ့သော သူ့အဖေသည် ကျန်းမာရေးချို့ယွင်းသွားသည်တဲ့ ။ သူ့အဖေ၏အရိပ်အောက် ကိုကြီး၏အရိပ်အောက်တွင်ရှိနေသော သူသည် ပထမဆုံးအကြိမ်အဖြစ် အိပ်မက်က လန့်နိုးသွားရသည်။

လင်းယုန်တကောင်အနေနှင့် ဒီထက်ပိုပြိးတော့ မိုးသားထက်မှာ လွတ်လွတ်လပ်လပ် ပျံသန်းချင်၍မရတော့ပြီဖြစ်သည်။

Early Bird အဓွန့်ရှည်ရေးအတွက် ယမုံနှင့်သူ့ကို ကျောင်းပြီးသည်နှင့် နေရာချထားချင်ပါသည် ။ ယမုံကိုကို၏အဖေ ဦးကိုကိုက ပါတနာအဖြစ် ကူညီဆောင်ရွက်ပေးမည့်အပြင် ထည့်ဝင်မည့် ရှယ်ယာကိုလဲ ယမုံ့နာမည်နှင့်ဝယ်ပေးကာ လင်းယုန်နှင့်ယမုံ နောင်တစ်ချိန်မှာ လက်တွဲလုပ်ဆောင်သွားရန်မျှော်လင့်မိပါသည်တဲ့ ။

ကိုကြီး က ' စီမံကိန်းငှက်' ဟူသော အမည်ပြောင်နှင့် တကယ်လိုက်ဖက်ခဲ့သည်ပဲ။

သူ့နေရာနှင့် သူ ၊ သူ့ကို ကိုယ်ပိုင်အချိန်လေး ပေးထားသည်မှအစ... သူဘာဖြစ်ချင်သလဲ ၊ မိသားစုကဘာလိုအပ်သလဲ ဟူသည့်နောက်ကွယ်မှာ ညင်သာပျော့ပျောင်းစွာ ထိန်းကျောင်းပေးခဲ့သည် ။
သူ့မိသားစုက လူကြီးများသည် သူ့အပေါ် ဝတ္တရားများကိုတော့ တာဝန်လုံးဝကျေခဲ့ကြသည်။

သူကသာ လူကြီးတွေအပေါ် တာဝန်မကျေဘူးလို့ ခံစားနေရပြီဖြစ်သည်။

"တချို့က မိဘရဲ့ဖိအားက လွတ်ရင်ပြီးတာပဲ ဆိုပြီး ရုန်းထွက်တယ်.... ကိုယ်ခြေချလိုက်တဲ့ ကမ္ဘာက ကိုယ်မျှော်လင့်သလို မဖြစ်တာမျိုးတွေ ကြုံရတဲ့အခါ ပိုပြီး ပင်ပန်းရတာမျိုးလည်း ရှိတယ် ။ အဲ့ဒီအခါ မိဘတွေကပဲ ရင်ကျိုးရမှာ ရဲလင်းယုန်မြင့် "

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now