"Secretary ၊ PA ၊ အတွင်းရေးမှူးဆိုတာ လုပ်ငန်းတိုင်းရဲ့ ရုံးအဖွဲ့၊ ဥက္ကဌရုံး၊ မန်နေဂျာ၊ ဒါရိုက်တာရုံးတို့မှာ မရှိမဖြစ်ရှိရမည့် ဝန်ထမ်းပါ ညီမလေး "
မေမြတ်ခင်သည် သူမ ဆရာ ကောင်းစည်သူ၏ မနက်ဖြန်အတွက် appointment များနှင့် Meeting များကိုအချိန်ဇယားလုပ်ရင်း နိဒါန်းစပျိုးသည်။ ဘေးက ကလေးမလေး နားစိုက်ထောင်နေလား တချက်အကဲခတ်လိုက်လျှင် တက်ကြွသော အရည်လဲ့လဲ့ မျက်လုံးလေးများကိုတွေ့၍ စိတ်ချသွားခဲ့သည်။
တနေ့က PNT CEO ဦးကောင်းစည်သူ၏ PA ဖြစ်သော မေမြတ်ခင်သည် တာဝန်တခုလက်ခံရယူခဲ့ရသည် ။
Zinyaw CEO ၏ ပထမဆုံး အတွင်းရေးမှူးအဖြစ် ဤငယ်ရွယ်၍ လုပ်ငန်းအတွေ့အကြုံဘာမှမရှိသေးသော ကလေးမလေးကို အစစအရာရာ လေ့ကျင့် သင်ကြားပေးရန် ဆရာကောင်းစည်သူကိုယ်တိုင်က သူမကို ပန်ကြားခဲ့ခြင်းဖြစ်သည်။ အတွေ့အကြုံမရှိခြင်းဟူသည့်ပြစ်ချက်သေးသေးလေးသာရှိနေသော ကလေးမလေး၏ ပညာရေးနောက်ခံနှင့် လူပုံစံဟန်ပန်ကိုကြည့်ပြီး သင်ကြား၍ရနိုင်ကြောင်း မေမြတ်ခင် မီးစိမ်းပြ သဘောတူခဲ့ခြင်းဖြစ်သည်။"ဘာမှမသင်ခင်ပြောထားရဦးမယ် PNT နဲ့ Zinyaw .... နိုင်ငံ့ထိပ်သီး ဆောက်လုပ်ရေးကမ်ပဏီ၂ခု ဖြစ်ပေမယ့် ပြိုင်ဘက်မဟုတ်ဘူးဆိုတာလေး မှတ်ထားပေးနော် .... အသေးစိတ်ပြောရရင် Zinyaw က အိမ်ရာစီမံကိန်း ကွန်ဒို အိမ်ရာမြို့တော် ဥယျာဉ်မြို့တော် အဲ့လိုတွေအဆောက်များတယ် ... စက်ရုံဆောက်တယ်
အမတို့ PNTကျ လုံးချင်းအဆောက်များတယ် ဟိုတယ် ဆေးရုံအဆောက်များတယ်
တခါတလေ Shopping Center ဆောက်တာမျိုးဆို တွဲလုပ်ကြတာတောင်ရှိသေးတယ် တကယ့်ညီအကိုကမ်ပဏီတွေပါ"" လုံးဝအသည်းထဲစွဲအောင်မှတ်ထားရမှာက အမရဲ့ဆရာ PNT ဦးကောင်းစည်သူ၊ ညီမလေးရဲ့ဆရာ Zinyaw ဦးရဲဇင်ယော်မြင့် ၊ Fox ဦးဝဠာထက်တန် ၊ ရှမ်းရိုးမ ဦးခွန်နောင်ဆင့် အဲ့၎ယောက်ဟာ မွေးကတည်းက လည်ပင်းဖက်ပြီးမွေးလာတာလို့မှတ်ထားနော် ... အရမ်းစည်းလုံးကြတာ .. သတိပြုရန်အချက်ပေါ့..တယောက်ယောက်ကို ထိလို့မရဘူးနော် ..တက်ညီလက်ညီ ၀ိုင်းဆော်ကြလိမ့်မယ်... ဒါ သူတို့ရဲ့ ကိုယ်ရေးအကျဉ်း ... ဆရာကောင်းစည်သူတယောက်ပဲ အိမ်ထောင်ရှိတယ် ဒါ ဆရာကတော်ရဲ့ အချက်အလက်.... Fox ဘက်က PA ၂ယောက်တောင်ရှိတယ် ... နောက်ပိုင်းဆက်ဆံပြောဆိုရမယ့်လူတွေ .... အမ မျက်ရှု mail ထဲပို့လိုက်မယ် "
DU LIEST GERADE
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romantikငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...