တလက်လက်တောက်ပနေသော ပုလဲလုံးလေးများ ကျောက်မျက်များ၏ ရောင်စုံကွန့်မြူးနေမှုသည် မျက်ရှု၏ မျက်ဝန်းလေးများကို မမီပါ ။
ဝတ်စုံဖြစ်ခါနီး တွဲချုပ်ထားပြီဖြစ်သောပိတ်စလေးများကို စိတ်ပါဝင်စားစွာ ကြည့်နေသော မာယာပရိယာယ်ကင်းစင်လှသည့် မျက်ရှု၏ မျက်နှာလေးကို ဒီဇိုင်နာထက်မြက်ချိုက နှစ်လိုသဘောကျစွာ ကြည့်နေခဲ့ပါသည်။"ဒီတခေါက် ထိုးရမှာ ဒါလေးလား... လှလိုက်တာì မထက်ရယ်... "
ခဲနုရောင် ဘရိုကိတ်လိုပိတ်သားလေးမှာ ပုလဲနှင့်စိန်ပွင့်လိုစီးကွင့်လေးများ၊ရောင်စုံကျောက်မျက်လေးများနှင့်အတူ ထိုးဖို့ပက်တန်ကိုပါ ပြပေးလာလျှင် မျက်ရှုက သဘောကျစိတ်ဖြင့် ပြောလိုက်ပါသည်။ ဝတ်တဲ့လူက တကယ့်သူဌေးသမီး ပဲနေမည်။ နုနုရွရွလေးနှင့် အသေးစိတ် ထမီတထည်လုံးထိုးရမည်ဆိုတော့ မျက်ရှုရမည့်လက်ခတင်မနည်းပါပေ။
"ခရစ်စတယ်လ်လေးတွေက မိုးကုတ်ကကျောက်အစစ်တွေ.. ပုလဲတွေလဲ မွေးပုလဲအစစ်တွေတဲ့...အဲ့ဒါကိုမှ Swarovski crystal တွေနဲ့ရံပြီးဒီလိုထိုးမှာ... မိုးကုတ်ကျောက်ကိုအထုတ်လိုက်အပ်သွားတာ... တော်ရုံလူကို ထိုးဖို့မအပ်ရဲဘူး... မျက်ရှုလေးရဲ့ အရည်အချင်းနဲ့အကျင့်ကိုသိလို့သာ အပ်တာ..သိလား .."
မျက်ရှုကို မထက်က ပုံလေးတွေပြပြီး ဘယ်နေရာမှာ ဘာကျောက်ထည့်မည် ဘယ်လိုထိုးနည်းသုံးမည်ကို အသေးစိတ်ပြောပြနေခြင်းဖြစ်သည်။ တက်သစ်စထဲက နာမည်ရလာသည့်ဒီဇိုင်နာတစ်ယောက်ဖြစ်သော မထက်သည် ခုထိစီကွင့်ထိုးသမား ကောင်းကောင်းတယောက်ရှာမတွေ့သေး။ ရှိတော့ရှိပေသိ ပညာကြေးထိုးခမြင့်ကြသည် ။ ပြီးတော့ အပ်ထည်များအပြည့်ဖြစ်နေကြသဖြင့် ဂျူနီယာမျက်သွယ်ကို အကူအညီတောင်းရင်း မျက်သွယ်၏ညီမ မျက်ရှု နှင့်ဆုံခဲ့ခြင်းဖြစ်သည်။
"ဟင် မျက်ရှု တာဝန်ပိုကြီးတာပေါ့... "
"အင်း အဲ့လိုဖြစ်သွားတာပေါ့... မျက်ရှု ပညာကြေးစိတ်ကြိုက်တောင်းလေ... "
"မျက်ရှုကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး..မထက်ရဲ့... ထိုးတာက ထိုးမှာပါ... ပစ္စည်းတွေက တန်ဖိုးကြီးလို့ အကုန်အိမ်မသယ်သွားဘဲ နေ့တဝက်ထိုးဖို့လောက်ယူပြီး အိမ်ပြန်ထိုး ပြီးရင် ပစ္စည်းကုန်ရင် ပြန်လာယူ အဲ့လိုလုပ်မယ်လေ...အမဆီအပ်ထားမယ့်သဘောပါ..နောက်ဆုံးပိတ်မှ အရမ်းတန်ဖိုးကြီးတဲ့ မိုးကုတ်ကျောက်တွေထိုးမယ် ထိုးတဲ့အချိန်တော့ အမဆိုင်မှာပဲ လာထိုးမယ်နော် "
VOCÊ ESTÁ LENDO
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...