Part5(Zawgyi)

555 8 0
                                    

မကြာခင်မှာပင် အဖိုးမှလွဲ၍ အိမ်ရှိ လူကုန် သည် သူ့ကြောင့် ထိုင်ရမလို ထရမလို အခြေအနေတခုသို့ရောက်နေကြတော့သည်။

အိမ်တွင်းအိမ်ပြင်ရှိ ထမင်းချက် သန့်ရှင်းရေး အိမ်အကူ ခြံစောင့် ဒရိုင်ဘာ ဝန်ထမ်းဦးရေ စီစစ်သည် ။ တာဝန်ကျေပွန်မှုကို စီစစ်သည်။ သူလိုချင်သော အနေအထားကိုပြောပြသည်။ ဒီအိမ်၏ သခင်သည် ဘယ်သူလဲဆိုတာ ပါးပါးပုတ်လိုက်ခြင်းပင်။
အဖိုးကိုယ်တိုင်က ရဲဇင်ယော်မြင့်သည်သာ ဇင်ယော်အိမ်၏ ဆက်ခံသူ ဟုပြောထားပြီးသား။

သို့သော် သူ့မိထွေး၏ အခန်းကဏ္ဍကိုတော့ သူဘောင်မကျော်ခဲ့ပါ။

ထမင်းချက်ကို သူစားတတ်သော အနေအထားအကြိုက်ကိုပြောပြနေစဉ် သန့်ရှင်းရေးသမားကို သူလိုချင်သော ပုံစံကိုပြောပြနေစဉ် ဒီအိမ်ရဲ့ဝန်ထမ်းများကို စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်နေသည့်အချိန်များတွင်လည်း သူ အန်တီမွန်ကို တိုင်ပင်ကာ ဘေးနားခေါ်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် အိမ်ရှင်မ တယောက်၏ အပိုင်း ကို သူဝင်မစွက်ပါ။

ထို့အတူ ရဲလင်းယုန်မြင့် ကို ပညာရေးအတွက် ထိန်းကျောင်းတော့မည်ဟုစီစဉ်သော အခါလည်း အန်တီမွန်ကို တိုင်ပင်သည်။ ဘာပဲပြောပြော လင်းယုန်က သူမ၏သားလေ။ သူမကို ခွင့်တောင်းသည်က သဘာဝကျပါသည်။

ဒါက လူတိုင်းအပေါ် သူထားတတ်သောစည်းဖြစ်သည် .....

"ကျွန်တော် လင်းယုန်ကို အဖေ့ကျောင်းအတွက် လျာထားတာမို့ လိုအပ်တာတွေ သင်ပေးချင်တယ် အန်တီမွန်... တက္ကသိုလ်ကျောင်းတကျောင်းရဲ့ ပိုင်ရှင်နေရာကိုဆက်ခံမယ့်လူက ဘယ်မေဂျာပဲယူယူ ပေါက်မြောက်နေရမယ် အနည်းဆုံးမဟာဘွဲ့လောက်ရမှ.... စီးပွားရေးအခြေခံပညာလည်း သိနေရမယ် သင်ကြားရေးပိုင်း စိတ်ပညာကအစ သိနေမှ တော်ရုံတန်ရုံ ဖြစ်မှာ... ဒါ ပါမောက္ခချုပ်လို အပိုင်း သင်ကြားရေးအပိုင်းမဟုတ်သေးဘူးနော်... စာသင်ဖို့ဝါသနာပါရင် ဝင်သင်လို့ရရုံလေး...
ကျွန်တော် သူ့ကို ဖြစ်မြောက်စေချင်တယ် "

အန်တီမွန် ဘာဖြစ်နေလဲ သူသိသားပဲ ။ အဖေ့၏ အမွေကို သူလက်မခံပါ ...လင်းယုန်ကိုပေးလိုက်ပါဟုဆိုကတည်းက အန်တီမွန်၏မျက်နှာသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်ကို ရိပ်စားမိပါသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now