"ဟင်..ကိုကြီး "
ရုတ်တရက်ကြီး ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲသွားရသည်။ ချော်လဲကျ၍အရှက်ကွဲတာခြင်းတူတူ ဒီလူကြီးရင်ခွင်ထဲချော်ကျတာက မျက်ရှုအတွက် ပို၍ရှက်မိနေသလိုပင် ။
ပြီးတော့ နှုတ်ကလွှတ်ကနဲထွက်သွားရသည်က "ကိုကြီး" တဲ့... အမှန်တော့လင်းယုန်ခေါ်သလို ခေါ်မိတာပါပဲ။ စိတ်ထဲကတောင်အစမ်းမခေါ်ဖူးပါပဲ ခု ရုတ်တရက်မို့ပါးစပ်ဖျားက ထွက်လာသောအသံက သံသရာအဆက်ဆက် ဘဝအဆက်ဆက်က ခေါ်ခဲ့ဖူးသလိုပါပဲလား ...
ကိုကြီး ဟုခေါ်လိုက်သည်နှင့် မျက်ရှုရဲ့ နှလုံးသားထဲက တုန်ဟီးသွားခဲ့သည်က ဘာကြောင့်ပါလဲ...ရဲဇင်ယော်မြင့်သည် ရုတ်တရက်မို့ ဖမ်းဆွဲကာထိန်းပေးလိုက်ရသော ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲထည့်ကာ တဒင်္ဂ မင်သက်နေမိပါသည်။
ထိတ်လန့်သွားဟန်တူသည့် မျက်နှာလေး၏ အသားအရေညက်ညောမှု နားထင်ဆံစပ်နားကမွေးညင်းနုလေးများ..... မျက်တောင်တိုစိပ်စိပ်ကော့ကော့လေးများစွာကာရံထားသည့် မျက်ဆံနက်ကလေးများ... ထိုမျက်ဆံနက်လေးများထဲမှာ ဘာရှိနေတာပါလိမ့်... ကြယ်စုလေးတွေများလား... မဟုတ်ဘူး... သူ့ပုံရိပ်ပါလား...။
ကောင်မလေးက သူ့ကို အံ့အားတသင့်ပြန်ကြည့်နေခဲ့သည်ပဲ။မိန်းမတယောက်တလေကိုမှ ရင်ခွင်ထဲမသွင်းဖူးခဲ့သည့် သူ့အနေနှင့် ဒီအထိအတွေ့ကြီးက ဘာတွေဖြစ်သွားစေမှန်းသူ့ကိုယ်သူ မသိပါပေ။ ဤအခိုက်အတန့်သည် သူ့အတွက် တလောကလုံးတိတ်ဆိတ်သွားသလို ကာလတစ်ခုဖြစ်သွားခဲ့ရသည်။
ကောင်မလေးရရဲ့လား အဆင်ပြေရဲ့လား ဟု သူမေးသင့်ပြီထင်သည် ။ ကောင်မလေး၏ သူ့အပေါ်စိုက်ငေးနေသော အကြည့်လေးကြောင့် သူ့ ရင်ထဲ သရိုးသရီကြီး ဖြစ်သွားရပြီး ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ စကားက ထွက်သွားရသည်။
"နမော်နမဲ့နဲ့... "
အွန်... ဒီလူကြီးက မျက်ရှုကို ဆူသွားတာလား ... တခါမှစကားမပြောဖူးသဖြင့် အနှီလူကြီး၏ သြရှရှစကားသံက မျက်ရှု၏ ဟိုးအတွင်းဆုံးထဲထိကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသလိုပါပေ။ နမော်နမဲ့နဲ့ ဟု ဆူပြောပြောသွားသော်လည်း ဟိုအရင်လို အဝေးကလှမ်းကြည့်ပြီး ကြောက်နေရသလို ကြောက်တာမျိုးတော့မဖြစ်တော့သည်က ထူးဆန်းလွန်းလှသည်။
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...