Part19(Uni)

2.4K 177 23
                                    

ဂျာမဏီနိုင်ငံ ဘာလင်မြို့

" ဟား... မလောက်လေးမလောက်စား မိန်းကလေးက... "

ရဲဇင်ယော်မြင့်သည်ရုတ်တရက်မို့ ရှူးရှူးရှားရှားတွေဖြစ်ကာ ဟိုတယ်လ်အခန်းထဲတွင် ဦးတည်ရာမဲ့ လမ်းလျှောက်နေမိပါသည်။
Zinyaw တွင် အလုပ်မလုပ်ဖြစ်သည့်အကြောင်း သေသေချာချာ Formal ကျကျ ရေးသားထားသည့် စာတစောင်ကို Email ကတဆင့်လက်ခံရရှိထားသဖြင့် ဤသို့ဒေါသစိတ်က ထောင်းကနဲထွက်လာရခြင်းဖြစ်သည်။

" ကလေးသာသာပဲရှိသေးတဲ့ စာကလေးမ ၊ ပိစိမကများ Zinyaw လိုထိပ်တန်းကမ်ပဏီကို"

ဒေါသကသာထွက်ရသည် ထိုကလေးမ၏ သူ့ကိုကြောက်သောရှိန်သော ခံစားချက်ကိုလည်း တဖက်က သူနားလည်သလိုတော့ရှိပါသည်။ သို့သော် သူ့လို မာနတံခွန်မိုးသို့ချွန်နေသော လူ၏ ကမ်ပဏီကိုမှ ငြင်းရလေခြင်းဟူသော ခံပြင်းစိတ်က ဦးဆောင်နေခဲ့သည်။

"Ring Ring "

"အေး... လင်းယုန်..."

"ကိုကြီး ဂျာမဏီရောက်နေတယ်ဆို "

"အေး... အိမ်ဆောက်ပစ္စည်းစက်ရုံတခုကိုလာကြည့်တာ.. အဆင်ပြေရင် စာချုပ်ချုပ်မလို့"

"မြူးနစ်ရောက်နေတာလား...ဘာလင်ရောက်နေတာလား... မြူးနစ်မှာ ဘီယာပွဲတော်ရှိတယ်ပြောတယ်... "

"အေး.. အခုက ဘာလင်ကိုရောက်နေတယ်... မြူးနစ်ကို သွားဖို့တဖက်ကမ်ပဏီကဖိတ်ခေါ်နေတာ သူတို့လိုက်ပို့ပါရစေပြောနေတယ်... နောက်ဆုံးနှစ်ရက်တော့မှီမယ်ထင်တယ်...."

" အဝသောက်ခဲ့ ကိုကြီး ဂျာမန်ဘီယာတွေသောက်လို့ကောင်းတယ်ဆိုလား"

"အေးကွာ... "

"ကိုကြီး စကားမစပ် မျက်ရှုကို အလုပ်ခေါ်ပေးတယ်ဆို... "

"အေး... အဲ့ကောင်မလေး.. ငါ့အလုပ်ခေါ်စာကိုငြင်းလွှတ်လိုက်တယ်  "

မျက်ရှုအကြောင်းပြောသည်နှင့် မျက်နှာတချက်ပျက်သွားကာ အိန္ဒြေပြန်ဆည်လိုက်သည်ကို လင်းယုန်သတိထားမိလိုက်သည်။ ကိုကြီးသည်မျက်ရှုကို အကြံအစ​ည်ဖြင့်အနားခေါ်ထားချင်သည်ကို လင်းယုန်သိသွားမှာစိုး၍ မျက်နှာပျက်သွားသည်လား ။ သူ့လိုထိပ်ထိပ်ကြဲကမ်ပဏီ၏ CEO တစ်ယောက်ပေးသောအလုပ်ကို ငြင်းလေခြင်းဟုမာနထိခိုက်သည်ကြောင့်လား ကိုကြီးပဲ သိပါလိမ့်မည်။ လင်းယုန်တော့မသိချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now