Part20(Uni)

2.7K 184 26
                                    

"အနံ့တောင်မခံရသေးဘူး ပုလင်းလေးနဲ့တင် ကြွေတယ်"

မမသွယ်က လှမ်းကြည့်ပြီးပြောသည် ။ လေဆိပ်ကဝယ်လာဟန်တူသော Duty free အိတ်လေးနှင့် GIVENCHY ၏ IRRÉSISTIBLE လေးထောင့်ပန်းရောင်ပုလင်းလေးက မျက်ရှုလက်ထဲတွင်တလက်လက်တောက်ပနေပါသည်။

"စျေးက မနည်းဘူး မမရှု ဒေါ်လာ ၁၀၀ ကျော်လောက်ပေးရတာတဲ့.. "

မျက်ချယ်လေးက ဖုန်းပွတ်ရင်း Google ကနေရှာကာ စျေးနှုန်းကိုပြောပေးသည်။ အပျိုဖော်ဝင်စပေါက်စလေးမို့ မျက်ချယ်က ရေမွှေးကို မျက်ရှုထက်တောင် စိတ်ဝင်စားနေသေးသည်။
ထင်တော့ထင်ပါသည်။ အဖိုးတန်မည်ထင်ရသော ရေမွှေးပုလင်းလေးက မျက်ရှုကိုလှောင်နေသလိုရှိသည်  ။ ထိုနေ့က မျက်ရှု ငြင်းပါသေးသည်။

"ဖြေရှင်းပေးတာကျေးဇူးတင်ပါတယ်ရှင့်... ဒါလေးတော့မျက်ရှုလက်မခံတော့ပါဘူးနော််"

လင်းယုန်နဲ့ယမုံက တကယ်လက်ဆောင်ပေးတာမဟုတ်ဘဲ ပြဿနာငြိမ်းအောင် ကိုကြီးပါးစပ်က ​ထွင်ပြောသော လုပ်ဇာတ်မှန်း မျက်ရှုနားလည်ပါသည် ။ ထိုသို့ မျက်ရှုသိနေသည်ဆိုသည်ကိုလည်း ကိုကြီးကသိသွားခဲ့ရသည်။

"ကျစ်... ယူဆို.. ယူထားလိုက်လေ"

ကျစ်သတ်ကာ အတင်းတွေထိုးပေးသွားသော ရေမွှေးပုလင်းလေးက ကိုကြီး ဘယ်သူ့အတွက်ဝယ်လာမှန်းမသိသော်လည်း မျက်ရှုလက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါသည်။

"မျက်ချယ်အကြောင်း ပြောရဦးမယ် မျက်ရှု "

" ဟုတ် အမေ... "

တွေးနေသော အတွေးမျှင်စတို့ကို ရုပ်သိမ်းကာ လက်ရှိပစ္စုပ္ပန်ကိုမျက်မှောက်ပြုလိုက်ရလေသည်။ အမေက မိသားစုကိစ္စ တိုင်ပင်ဖို့ သူမကို စကားစလိုက်သည်ပင်။

"မျက်ချယ်က မျက်ရှုလိုပဲ ကျောင်းစာမှာစိတ်ဝင်စားတယ်.. အမှတ်လဲမဆိုးဘူးပြောလို့ရတယ်... ခု အသက်၁၅နှစ်လဲ ပြည့်တော့မယ် ...မျက်ချယ်က အမေ့ကိုပြောတယ်.. "

အမေသည် စကားပြောခြင်းကိုခဏရပ်ပြီး မျက်ရှုနှင့် မမသွယ်တို့ကို တချက််ကြည့်လိုက်သည်။ ပြီးမှ ဆက်ပြောသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Onde histórias criam vida. Descubra agora