Part13(Uni)

1.7K 108 6
                                    

" ရဲဇင် အန်တီမွန် စကားလေးပြောချင်လို့ပါ.... "

"ရတယ် အရေးကြီးလား... အရေးကြီးရင် စာကြည့်ခန်းကစောင့်ပေးမလား... ကျွန်တော် ရေချိုးလိုက်ဦးမယ်... "

" အရေးကြီးစကားပါ ရဲဇင် "

" အိုကေ အန်တီမွန် စောင့်နေလိုက်ပါ"

သူအလျင်အမြန်ပင်ရေချိုးခန်းဝင်လိုက်ရပါသည် ။ တစ်နေ့လုံးခေါင်းစားသမျှ ပင်ပန်းသမျှကို ရေနွေးနွေးနှင့်ဖျော်ချလိုက်ရသည်။ ခုနက တွေ့ခဲ့ရသော လင်းယုန်နှင့်အတူ ယှဥ်တွဲ၍တွေ့ရသော ဟိုကောင်မလေး ကို ဘာရယ်မဟုတ် မျက်လုံးထဲ မြင်ယောင်လာသည်။

ထိုခြံအတွက် စာချုပ်ချုပ်သည့်နေ့က နှုတ်ခမ်းပါးပါးလေးနှင့် ရန်တွေ့တတ်သော ကောင်မလေး၏ ဆံပင်တိုဝဲဝဲလေးတွေက ခုသူ အိမ်ဆောက်နေသည့်အချိန်မှာကို ရှည်လာခဲ့ပြီ ။ ဆံပင်လေးများကို နောက်ဘက်မှာ သူတို့အပ်ချုပ်ဆိုင်က တွေ့သည့်ပိတ်စအပိုလေးတွေနှင့် စု၍ဆွဲစည်းထားရာ ဟိုတစ်စလွတ် ဒီတစ်စလွတ် ကပိုကရိုလေးဖြစ်သည်။ အိမ်နေရင်း ဝရံတာမှာ စာကျက်လိုက် အိမ်အလုပ်လုပ်လိုက် အချုပ်အလုပ်တွေလုပ်လိုက်နှင့် နားချိန်သိပ်မထားဘဲ သူ့ဟာလေးနဲ့သူ  ကြိုးစားနေရှာသူလေးပင် ။ ကောင်မလေး၏ အိမ်နေရင်း အခြယ်အသလွတ်သော ရုပ်လေးက ဝင်းမွတ်နေကာ အပြင်သွားလျှင်ကျတော့လည်း တမျိုး ကျော့ကျော့ရှင်းရှင်း ရှိလှသည်။

သူ့ပုံစံနှင့်သူဆို မဆိုးလှသော ကလေးမလေးဟု သူကောက်ချက်ချမိသော်လည်း လင်းယုန်နှင့်တော့ လုံးဝကိုမလိုက်ဖက်ဟုသူမြင်မိသည်။
ဆောက်လုပ်ရေးဆိုက်သို့ ခဏခဏ သွားကာ checking လိုက်ရသော သူ့ဘဝမှာလဲ မလွယ်ပါ ။ လင်းယုန်အကြောင်းစဥ်းစားရုံနှင့် သူ တော်တော်ကြီး စိတ်ပင်ပန်းရသည်။

"ဘာကိစ္စလဲ အန်တီမွန်"

အန်တီမွန်သည် မျက်နှာမသာမယာနှင့် စိတ်ညစ်နေသောရုပ်ဖြစ်နေသည်။ ဘာဖြစ်ပြန်ပြီလဲ သူစိတ်ထဲ ထင့်ကနဲ ဖြစ်သွားသည် ။

"လင်းယုန် အကြောင်းပဲ ရဲဇင်"

"ပြောပါဦး... "

ဘလက်ကော်ဖီခွက်ထဲ သံပုရာသီးကိုညှစ်ချနေရင်းက အန်တီမွန်ကို မျက်လုံးပင့်၍ ကြင်နာစွာမေးလိုက်သည်။ နာလန်ထအဖိုး နှင့် စာမေးပွဲဖြေခါနီး သား၏ကြားမှာ ယက်ကလည်ရိုက်နေသည်ဟု သူခန့်မှန်းလိုက်သည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now