Part24(Uni)

11.1K 314 155
                                    


" ရှု နင် အဆင်ပြေရဲ့လား ... "

"ပြေပါတယ်ဟဲ့ ... "

တဖက်က လင်းယုန်က စိုးရိမ်သော မျက်လုံးတို့နှင့်ကြည့်နေလျှင် အလျင်အမြန်ဖြေလိုက်ရသည်။ သူ့ကိုကြီး၏ PA  ဖြစ်သွားခဲ့သော မျက်ရှု တခုခုဖြစ်မှာကို လင်းယုန်ကစိုးရိမ်နေပုံပေါ်သည်။

"အနီးကပ်နေကြည့်တော့ ဆရာက စိတ်သဘောထားမဆိုးပါဘူး နည်းနည်းတင်းကြပ်တာ တိကျတာမျိုးပါ ငါ့ကိုလဲသင်ပေးပါတယ် သူ့အကြောလဲ ငါတော်တော်သိလာပါပြီ "

" သတိတော့ထားဦး သူနင့်ကိုအလုပ်ခန့်ရတဲ့ရည်ရွယ်ချက်က .... "

"ငါသိပါတယ် .. သူနင့်အတွက်ကြောင့် စောင့်ကြည့်ချင်လို့ ငါ့ကိုခန့်တာ .... သူစောင့်ကြည့်ချင်လဲစောင့်ကြည့်ပေါ့ ငါက ထူးဆန်းတာတွေလုပ်နေတာလဲမဟုတ် .... ဒါပေမယ့် လောလောဆယ် ငါ့မှာရွေးချယ်စရာများများစားစားမှမရှိဘဲ လင်းယုန်ရယ် ... အမေ့အတွက်ရော အငယ်လေးကျောင်းစားရိတ်ရော ...ပြီးတော့ နင့်ကိုကြီးက ငါ့ကို ရဲစခန်းကထုတ်ပေးထားတဲ့ကျေးဇူးတွေရောနဲ့
အလုပ်က တကယ် တေ့တေ့ဆိုင်ဆိုင်ဆို ကိုက်တဲ့ အလုပ်ရှာရခက်တယ်ဟ ဇင်ယော်က လစာပေးထားတာက တော်တော်မြင့်တယ် ...Training  ကာလ အလုပ်သင်လစာတောင်မနည်းဘူး ... "

"အင်းပါ အင်းပါ "

လင်းယုန်၏ စိတ်သက်သာရာရသော မျက်နှာကို ကြည့်နေရစဥ်မှာပင် ဘေးက ယမုံက ထွက်ပေါ်လာခဲ့သည်။ ယမုံသည် ရယ်ချင်ပက်ကျိရုပ်လေးနှင့်သွားလေးစေ့ကာ တခွိခွိဖြစ်နေသည်။

"သတိထားနော် ရှု "

"အွန် ...ဘာလို့လဲ "

"ငါ့ထက် ဝါကြီးသွားဦးမယ် "

ယမုံပြောသောစကားကို အကင်းပါးသူဖြစ်သော်ငြား ရုတ်တရက် မျက်ရှုနားမလည်ပါ ။ နောက်တခေါက်ထပ်မေးရသည်။

"ဘာကို ဝါကြီးတာလဲ "

"ငါနဲ့လင်ညီအမတော်နေရဦးမယ် ...လင်းယုန်ရဲ့ အကိုဆိုတော့ နင်က ငါ့ထက်ဝါကြီးမှာပေါ့"

"ဟယ် ယမုံ အစုတ်ပလုတ် "

လင်းယုန်တို့က ဆရာနှင့်စနောက်တိုင်း အရင်က ဘာခံစားချက်မှ သိပ်မရှိလှသော်လည်း ယခုတခေါက်တွင်မူ ရင်ဘတ်က ပူနွေးလှုပ်ရှားသွားရသည်မှာ ထူးဆန်းမှုတစ်ခုဖြစ်ပါသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now