ဂျာမဏီနိုင်ငံ ဘာလင်မြို့
" ဟား... မလောက်လေးမလောက်စား မိန်းကလေးက... "
ရဲဇင်ယော်မြင့်သည်ရုတ်တရက်မို့ ရှူးရှူးရှားရှားတွေဖြစ်ကာ ဟိုတယ်လ်အခန်းထဲတွင် ဦးတည်ရာမဲ့ လမ်းလျှောက်နေမိပါသည်။
Zinyaw တွင် အလုပ်မလုပ်ဖြစ်သည့်အကြောင်း သေသေချာချာ Formal ကျကျ ရေးသားထားသည့် စာတစောင်ကို Email ကတဆင့်လက်ခံရရှိထားသဖြင့် ဤသို့ဒေါသစိတ်က ထောင်းကနဲထွက်လာရခြင်းဖြစ်သည်။" ကလေးသာသာပဲရှိသေးတဲ့ စာကလေးမ ၊ ပိစိမကများ Zinyaw လိုထိပ်တန်းကမ်ပဏီကို"
ဒေါသကသာထွက်ရသည် ထိုကလေးမ၏ သူ့ကိုကြောက်သောရှိန်သော ခံစားချက်ကိုလည်း တဖက်က သူနားလည်သလိုတော့ရှိပါသည်။ သို့သော် သူ့လို မာနတံခွန်မိုးသို့ချွန်နေသော လူ၏ ကမ်ပဏီကိုမှ ငြင်းရလေခြင်းဟူသော ခံပြင်းစိတ်က ဦးဆောင်နေခဲ့သည်။
"Ring Ring "
"အေး... လင်းယုန်..."
"ကိုကြီး ဂျာမဏီရောက်နေတယ်ဆို "
"အေး... အိမ်ဆောက်ပစ္စည်းစက်ရုံတခုကိုလာကြည့်တာ.. အဆင်ပြေရင် စာချုပ်ချုပ်မလို့"
"မြူးနစ်ရောက်နေတာလား...ဘာလင်ရောက်နေတာလား... မြူးနစ်မှာ ဘီယာပွဲတော်ရှိတယ်ပြောတယ်... "
"အေး.. အခုက ဘာလင်ကိုရောက်နေတယ်... မြူးနစ်ကို သွားဖို့တဖက်ကမ်ပဏီကဖိတ်ခေါ်နေတာ သူတို့လိုက်ပို့ပါရစေပြောနေတယ်... နောက်ဆုံးနှစ်ရက်တော့မှီမယ်ထင်တယ်...."
" အဝသောက်ခဲ့ ကိုကြီး ဂျာမန်ဘီယာတွေသောက်လို့ကောင်းတယ်ဆိုလား"
"အေးကွာ... "
"ကိုကြီး စကားမစပ် မျက်ရှုကို အလုပ်ခေါ်ပေးတယ်ဆို... "
"အေး... အဲ့ကောင်မလေး.. ငါ့အလုပ်ခေါ်စာကိုငြင်းလွှတ်လိုက်တယ် "
မျက်ရှုအကြောင်းပြောသည်နှင့် မျက်နှာတချက်ပျက်သွားကာ အိန္ဒပြေန်ဆည်လိုက်သည်ကို လင်းယုန်သတိထားမိလိုက်သည်။ ကိုကြီးသည်မျက်ရှုကို အကြံအစည်ဖြင့်အနားခေါ်ထားချင်သည်ကို လင်းယုန်သိသွားမှာစိုး၍ မျက်နှာပျက်သွားသည်လား ။ သူ့လိုထိပ်ထိပ်ကြဲကမ်ပဏီ၏ CEO တစ်ယောက်ပေးသောအလုပ်ကို ငြင်းလေခြင်းဟုမာနထိခိုက်သည်ကြောင့်လား ကိုကြီးပဲ သိပါလိမ့်မည်။ လင်းယုန်တော့မသိချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။
VOUS LISEZ
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Roman d'amourငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...