Part8(Uni)

2.2K 137 4
                                    

" O level နဲ့ပဲကျေနပ်တော့မှာလား ရှု ရာ "

ဒါပဲလိုက်ပြောနေရလား ဟူသော အကြည့်လေးဖြင့်မျက်ရှုက မျက်လုံးလှန်ကြည့်လိုက်ပါသည်။ သင်တန်းစပြီး 3လအတွင်းမှာ သူတို့ လေးယောက်နှင့် စိမ့်စမ်း၊ မျက်ရှုတို့မှာ တော်တော်ကြီးရင်းနှီးသွားခဲ့ရသည်။ ယမုံကိုကိုသည်လည်း အစကတော့ သူဌေးသမီးလေးမို့ အေးစက်စက်နှင့်မာနကြီးသလိုထင်ရပေသိ သေသေချာချာ ထဲထဲဝင်ဝင် ပေါင်းကြည့်မှ ယောကျ်ားလေးများနှင့်ပေါင်းသဖြင့် ပွင့်လင်းကာ လွတ်လွတ်လပ်လပ်လေးနေတတ်သူဖြစ်ကြောင်း သိလာရပါသည်။

စိမ့်စမ်းပြာက မျက်ရှုလိုပင်အပြင်ကျောင်းကပြောင်းလာသော်လည်း သူ့အိမ်က ဂိုက်ငှားထားသဖြင့် တော်သေးသည်ပြောရမည်။
မျက်ရှုသည် စာတွေထဲက နားမလည်တာရှိသော်လည်း ဂိုက်လဲမငှားချင်တော့ပါ ။ ဦးလတ်ကတော့ လိုလျှင်ပြောပါ ဟုပြောသော်လည်း သူများကို ဒုက္ခပိုမပေးလိုတော့သဖြင့် စာကိုသာ ကိုယ်တိုင် နှစ်ဆကြိုးစားရတော့သည်။ တခါတလေမျက်ရှုနားမလည်သည်များပါလာလျှင် ဆရာတွေကိုလိုက်လိုက်မေးကာ စိတ်ရှုပ်နေရသည်။  ဒါတောင် စာသင်ကောင်းသည်ဟု နာမည်ကြီးသည့် Early Bird ကို တက်နေ၍သာ ။
သို့သော် သူတို့၆ယောက်အုပ်စု စကားစပ်မိကြရင်း သူတို့အုပ်စုတွင် မျက်ရှုမှာ သင်တန်းအပြင် စာသင်ဂိုက်ဆရာမမရှိသည့်အကြောင်း သိသွားသည့်နောက်ပိုင်း အားလုံးက ဖေးမပေးကြရှာသည်။

"ရှု.. စာမေးပွဲဖြေရင် ဒီဘောပင်လေးသုံးနော်..ယမုံကိုခင်ရင် ယူရမယ် သိလား"

"ရှုရေ... ငါ့ကို ငါ့ဂိုက်ပေးထားတဲ့ နုတ်စ်လေး Copy ကူးလာပေးတာ ရော့... "

"မေးခွန်းဟောင်းတွေ ငါနဲ့ နေမင်းလွင် ကူးလာတာ နင်တစုံယူလိုက် ရှု"

မျက်ရှုကလည်း လူတမျိုး ။ ကျောင်းစာကိစ္စကလွဲလျှင် တခြားအကူအညီ ဘာမှမယူလိုသူပါပေ။ သူ့ထက်ကြွယ်ပိုးကြွယ်ဝ ဖြစ်နေသည့် သူငယ်ချင်းတွေကို မည်သည့်အခွင့်အရေးမှမယူချင်သည့် မာနလေးက ရင်ထဲတွင်အညွန့်လေးတလူလူနှင့်ဖြစ်သည်။ ထိုသို့ ခပ်ကင်းကင်းနေလေ သူ့သူငယ်ချင်းများက သူ့ကိုဝိုင်းကာ ဂရုစိုက်ကြလေလေဖြစ်ပါသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Tahanan ng mga kuwento. Tumuklas ngayon