"၅ နှစ်မှန်းထားတယ်...."
ပရိုဂျက်တာစခရင်မ်ကို စူးစိုက်ကြည့်နေရင်း ရဲဇင်ယော်မြင့်က ပြောလိုက်သည်။ MBA ဘွဲ့ယူပြီး နောက်ပိုင်းကာလအတွက် သူတို့ ၄ ယောက်သည် စီးပွားရေးလောကကို တကျော့ပြန် ဝင်ရောက်ဖို့ရန် စီမံကိန်းအသေးစိတ်ဆွဲကာ တိုင်ပင်စည်းဝေးနေကြခြင်းဖြစ်သည်။ ဟို၃ကောင်သည် သူတို့ဘဝအတွက်ဖြစ်ချင်သည်များကို ပြောပြကြသည်ကိုနားထောင်ရင်း ရဲဇင်ယော်မြင့်မှာ ချာချာလည်နေရသည်။ သူသည် သူ့နာမည်ပြောင်အတိုင်း ဤ လေးယောက်ပေါင်း စီမံကိန်းကိုရေးဆွဲမည့် အဓိကလူဖြစ်သည်။
" ဝဠာက Fox ကို Run မှာ... ငါက ဇင်ယော်မှာ... ကောင်းစည်သူက freelance အာခီတက် (အလွတ်တန်း ဗိသုကာ ) ပုံပဲဆွဲပြီး ရှယ်ယာထည့်မယ် Fox နဲ့ ဇင်ယော်ကို ဝင်ကူမယ်.
ဟိုကျောက်စိမ်းသူဌေးသားက ဘာလုပ်ချင်လဲ ""ရှယ်ယာပဲထည့်ပြီး Barမှာ အိပ်နေလို့ရလား"
"မင်းမေကလွှားတဲ့မှ... ရှမ်းပဲပုတ် ..ထောင်းခံထိတော့မယ်"
"ဟဲဟဲ.. ငါလား ...ငါက မင်းတို့ ဆောက်တဲ့အိမ်တွေရောင်းမယ် ..အိမ်ခြံမြေအကျိုးဆောင် Real Estate Company ကြီးလုပ်ဖို့ ငါ့အဖေကြိုးစားနေတာကြာပြီ... Website တခု သေချာလုပ်ထားပြီး... အိမ်ဝယ်အိမ်ငှားရင် ကနဦး အဲ့အိမ်ထိသွားကြည့်စရာမလိုသေးဘူး Website ကနေ အိမ်ရဲ့အားသာချက်အားနည်းချက်တွေကို ဗီဒီယိုရောပုံတွေရော သေချာကြည့်ပြီး မှ အပြင်မှာကြည့်ချင်ရင် အွန်လိုင်းဘိုကင်ယူ သွားကြည့် အဲ့လိုပုံစံ လုပ်ချင်တာ.. ငါ့ဖားသားကြီးက ကျောက်သမားဆိုတော့ သူ့ကျောက်တွေနဲ့သူအလုပ်ရှုပ်နေတာ... လုပ်ချင်တဲ့စိတ်ပဲရှိတာကွာ... အဖေကို ငါအဲ့ဒါတာဝန်ယူမယ်ပြောလိုက်မယ်.... ပြီးရင် ငါက ကားဝါသနာပါတော့ ကားရှိုးရွန်းနဲ့ ဝပ်ရှော့ကြီးကြီးတခုဖွင့်မယ်ကွာ... ကားနဲ့ပတ်သက်ရင် one stop services ရအောင်လုပ်ပေးမယ်...ကားပြင်ရင်း အချိန်ဖြုန်းဖို့ စားသောက်ဆိုင် ဆံပင်ညှပ်ဆိုင် နဲ့ bar လေးပါနောက်ပိုင်းတွဲဖွင့်ချင်တာ ...အဲ့လောက်ပဲ... "
"Ok မင်းလုပ်ချင်တာ နားလည်ပြီ ငါတို့နဲ့လဲဆက်စပ်မှုရှိတယ်... ငါလဲရှင်းတယ် ဆောက်လုပ်ရေး ဆိုတော့ဆောက်ရုံပဲ... ဟို ဆယ့်နှစ်ပွဲစျေးသည်ကြီးလျှပ်စီး ကို မနည်းရှင်းယူရမှာ... "
YOU ARE READING
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...