Part3(Uni)

2.8K 151 39
                                    

"ရရဲ့လား အမွန်... "

ဦးဘုန်းမြင့်က တစ်ရှူးဘူးမှ တစ်ရှူးများဆွဲထုတ်ကာ လက်ထဲထည့်ပေးလိုက်သည်။

"ရဲဇင်ပြောတာ စိတ်မဆိုးနဲ့နော် အမွန် "

လှမြတ်မွန်သည် မျက်ရည်များကို တစ်ရှူးနှင့်သုတ်လိုက်ကာ ခေါင်းလေးခါပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။

" အမေဆုံးပြီးကတည်းက ရဲဇင်က ပိုအနေတည်သွားတာ... ကိုယ်နဲ့လဲ နီးနီးကပ်ကပ်မနေဖြစ်ဘူး သူ့ကျောင်းစာတွေ သင်တန်းတွေနဲ့ပဲ လုံးပန်းနေရှာတာ .."

"အမှန်အတိုင်းပြောရင် ကိုယ် ရဲဇင်ကို အားလဲနာ သနားလဲသနားတယ် ... သူ့အမေ ဆုံးခါနီး မှာခဲ့တဲ့အတိုင်း လိုက်နာမယ်ဆိုပြီး သူ့ ဘဝကို ပလန်ချပြီး ဖြတ်သန်းနေရှာတာ.."

"အမွန်ဘာမှမဖြစ်ပါဘူး... ရဲဇင်ဘက်ကကြည့်လဲ မှန်နေတာပဲ...."

ဟုတ်လဲဟုတ်သည်။ မမဆုံးတာမှ တစ်နှစ်ကျော်ပဲရှိသေး ဘယ်သားသမီးက သူ့အဖေနောက်အိမ်ထောင်ထူမည်ကိုလက်ခံချင်ပါမလဲ ။ ဒါ့အပြင် အမွန်က မမရဲ့ PA ။ သစ္စာဖောက်ခံရသလို ကလေးက ခံစားနေရမည်သာ။

ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်မို့ ရပ်ဆွေရပ်မျိုး အကိုကြီးဦးဘုန်းမြင့်က သူ့အမျိုးသမီးအလုပ်တွင် အလုပ်သွင်းပေးသောအခါ ကျေးဇူးအခါခါတင်ခဲ့ရသည်။ ဒါ့အပြင် အမွန့်အလုပ်ရှင် မမ ဒေါ်ဇင်ယော်ချစ်ခင်သည် တော်လွန်းမက တော်လွန်းသော အမျိုးသမီး ။ စီးပွားရေးအကွက်မြင်သည် ဦးဆောင်ဦးရွက် Leadership skill ပြည့်ဝသည်။ လူမှုဆက်ဆံရေးကောင်းမွန်သည် စီမံခန့်ခွဲမှုအကွက်ကျသည် ။ ဒါ့အပြင်မိသားစုအပေါ်လည်းတာဝန်ကျေပွန်သည်။။  မမသည် တကယ့်ကို အမွန်တို့ လေးစားရသော  အမျိုးသမီးပါ။
မမမှာ ကင်ဆာရောဂါ စွဲကပ်နေပြီိဆိုသည်နှင့် မမလုပ်သွားသော စီမံခန့်ခွဲမှုအရည်အချင်းမှာလည်း အမွန်တို့လက်ဖျားခါရသည် ။ ပိုင်ဆိုင်မှူများစနစ်တကျခွဲဝေပြီး လူလားမမြောက်သေးသော သားဖြစ်သူအတွက် ဖဝါးနှင့်လက်မဲ့ဖြစ်မှာကိုကြိုတွေးပြီး စီမံသွားတာ အံ့​​တောင်အံအားသင့်မိခဲ့ရသေး။
ခု ရဲဇင်ယော်မြင့် ဒီလို ဆုံးဖြတ်ချက်တွေ ချပြ  သွားခဲ့သည်မှာလည်း မမ စနက်တွေကင်းမှာမဟုတ်ပေ။ အမွန်သည် မလုံမလဲဖြစ်ကာ ကျောချမ်းမိပါသည်။

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now