" ငါအရင် လေဖြတ်ပြီး ဆေးရုံရောက်မယ်ထင်တာ... ငါ့ရှေ့က ဘုန်းမြင့်က နှလုံးထဖောက်တယ်.. "
အဖိုးက ဆေးရုံခန်းထိ လာကြည့်ပြီးပြောနေသည်။ ပိုက်များကြိုးများကြားက သူ့သားမက်ကိုကြည့်ကာ အဖိုးမှာ စိတ်မကောင်းဖြစ်နေလေသည်။
"အမွန်ပြောပါတယ်... အကိုကြီးက အလုပ်တအားလုပ်လို့ လို့ "
အဖိုးနှင့် အဖေနှင့်ကြားမှာ ဗျာများကာ စီမံပေးရှာသော အန်တီမွန်သည် တော်တော်လေးပိန်သွားရှာသည်။
သူကလည်း Early Bird ကို အခြေအနေကြည့်ထိန်းနေရသဖြင့် အချိန်ပိုပင်မနည်းဖျစ်ညှစ်ထုတ်ယူရသည်။ ဝဠာနှင့်ကောင်းစည်သူတို့က ကူပေးသော်လည်း သူတို့ကမ်ပဏီအလုပ်များကြောင့် သူတို့ခမျာလဲ မနည်းလှုပ်ရှားရသည်။ ခွန်နောင်ဆင့်ကြောင့်သာ သူအသက်ရှူနည်းနည်းချောင်နေရခြင်းဖြစ်သည်။"အန်တီမွန် အိမ်အကူ နည်းနည်းထပ်တိုးခန့်လိုက်ပါ"
သူလဲ ဒါပဲပြောနိုင်တော့သည် ။ အိမ်မှုကိစ္စကျတော့ သူလဲမလုပ်တတ်မှာအသေအချာမို့ ... သူနာပြုပါတိုးခန့်ရန် တခါတည်း စီစဥ်လိုက်သည်။
" ရဲဇင်"
"အဖေ... "
"Early bird.. "
"အဖေ စိတ်ချ.. လောလောဆယ် အခြေအနေအားလုံး ကိုယ့်ဘက်မှာပဲ ... ရေရှည်သွားမယ့်စီမံကိန်းတခု ကျွန်တော်စဥ်းစားနေပါတယ်.. အကြမ်းဖျဥ်းကိုအဖေ နည်းနည်းသက်သာလာရင်ချပြမယ်"
"လင်းယုန်ကော သိသွားပြီလား"
"သိသွားပြီ"
သူသက်ပြင်းချ၍ ဝန်ခံလိုက်သည်။ လင်းယုန်ကိုအကြောင်းမကြားပါနှင့်ဟု ပြောသော်လည်း ဘယ်လောက်ကြာကြာ ဖုံးကွယ်လို့ရမှာမို့လို့လဲ ။ ဘွဲ့နှင်းသဘင်စင်မြင့်ပေါ် မှာပင် Heart attack ရပြီး သတိလစ်သွားသော အဖေ့သတင်းကို မပြောလဲထား၍ ရမည်မှမဟုတ်တာ။ လင်းယုန်ခမျာ အဖေ့သတင်းကိုကြားပြီး စာမေးပွဲတဖက်နှင့် လိုက်လာ၍လည်းမရ ကြိတ်မနိုင်ခဲမရဖြစ်ကာ ကင်မရာမှတဆင့်ကြည့်ရင်း ကျူကျူပါအောင်ငိုရှာသည်။
" ဒီကောင် အဖေ့သတင်းကြားပြီးနောက်ပိုင်း တော်တော်တည်ငြိမ်သွားတယ်"
BẠN ĐANG ĐỌC
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Lãng mạnငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...