Part9(Zawgyi)

607 7 1
                                    

"သူဘာကြောင့် အဲ့လို ငိုင်ပြီးထိုင်နေတာလဲ "

သင်တန်းကျောင်းက စာကြည့်ရန်ပေးထားသော အားလပ်ချိန် Self study time တွင် လင်းယုန်မှာ စာမကြည့်နိုင်ဘဲ ကျောင်းဝင်းအတွင်းက ရေကန်ဘောင်နံဘေးတွင်ထိုင်ငိုင်နေသည်ကို မျက်ရှုမှာ မြင်နေရသည်။

ဘာဖြစ်နေတာလဲ သိချင်သွားရသဖြင့် ယမုံကိုကိုနှင့်နေမင်းလွင်ကို တိုးတိုးလေးလှမ်းမေးလိုက်သော်လည်း ထိုမောင်နှမနှစ်ယောက်မှာ ချက်ချင်းပြန်မဖြေသေး ။ ငယ်ပေါင်း သူငယ်ချင်းများမဟုတ်သောကြောင့် တခါတလေ လင်းယုန်၏စိတ်နှင့် ခံစားချက် များကို မျက်ရှု မသိနိုင်ပါ ။ ထို့ကြောင့် လင်းယုန်၏ ငယ်သူငယ်ချင်းများကို မေးကြည့်ဖို့သာ တတ်နိုင်ပါသည်။

"ငါတို့တော့ ဒီအတိုင်းလေး ခဏလွှတ်ထားလိုက်တယ် သူ့ကို "

ထွဋ်ဦးယံက အေးဆေးစွာပြောသည်။ ဘေးကရေခဲမုန့်ကော်စားနေသော ယမုံက သိနေပြီးသားဟူသောရုပ်နှင့်မျက်ရှုကို အဖြေပေးသည်။

"သူ့အကိုနဲ့ရန်ဖြစ်လာပုံပဲ... "

"လာ ငါ့ဘေးနားလာ ရှု ... ရေခဲမုန့် ကျန်သေးတယ်... စိမ့်စမ်းလဲ တခုယူ "

ယမုံက ရေခဲမုန့်တွေလှမ်းပေးရင်း လင်းယုန်ဘက်တချက်လှမ်းကြည့်ကာ ဇာတ်စုံခင်းဖို့ အစပျိုးလိုက်ပါသည်။

"လင်းယုန်က ပျော်ပျော်နေတတ်ပေမယ့် တခါတလေ သူ့ခံစားချက်နဲ့သူရှိနေတတ်တယ်... တခါတလေ အမေကလည်း သူ့အကိုနဲ့ယှဉ်ပြီး ဖိအားပေးတာမျိုး... အဖေတူ အမေကွဲအကိုကလဲ သူ့အပေါ် အရမ်းကောင်းပေးပေမယ့် သူ့အပေါ်တင်းကြပ်တော့ သူ့မှာဖိစီးမှုတခုလိုဖြစ်လာရတာ "

"ပြီးတော့ သူတို့မိသားစုနေတဲ့အိမ်က အိမ်ပိုင်ရှင်က သူ့အကို ဦးရဲဇင်ယော်မြင့် "

"ဟင်..."

"ဟုတ်တယ် ဦးရဲဇင်ယော်မြင့်တို့အမေတို့ဘက်က အရမ်းချမ်းသာတာ...အဘိုးရှိသေးတယ်... လင်းယုန်အမေက ဒုတိယဇနီး... ဦးရဲဇင်ယော်မြင့် အမေရဲ့ Former secretary ( စက္ကထရီအဟောင်း) တဲ့.. "

"အယ်... "

"ဦးရဲဇင်ယော်မြင့်အမေက မဆုံးခင် ဒီ Early Bird တခုလုံးအတွက် ငွေထုတ်ပေးခဲ့တာ....ဒါ တို့ဒယ်ဒီမာမီတို့အသိုင်းအဝိုင်းတွေရဲ့အတွင်းသတင်း ..... ဦးဘုန်းမြင့်က ပိုင်ဆိုင်မှု ဘာမှသိပ်ရှိတာမှမဟုတ်တာ.. လင်းယုန်အမေဆို ဘာမှမရှိဘူးလေ... . ကျန်တာက ဦးရဲဇင်ယော်မြင့်ကို အကုန်လွှဲပေးခဲ့တာ... မျက်ရှုရဲ့... "

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Where stories live. Discover now