Part21(Uni)

3.5K 200 43
                                    

စီမံကိန်းငှက် ဟု နာမည်ပြောင်ရထားသော သူသည် ဤစီမံကိန်းမှာလဲ သူ မရှုံးဟု သေချာ ပိုင်နိုင်စွာ သိနေခဲ့သည်။

" မထက်မြက်ချို ခင်ဗျားအိမ်က ယူလာခိုင်းတာတွေပါလာပြီလား "

ထက်မြက်ချိုသည် ရဲဇင်ယော်မြင့်ကို လန့်ထိတ်စွာကြည့်ရင်း အလျင်အမြန်ခေါင်းငြိမ့်ပြမိသည်။  တကယ်တော့ အခုသူမ မျက်ရှုကို ကွယ်ဝှက်ထားခဲ့သည်ကြောင့်သာ ဒီလိုပြဿနာတက်နေရသည်မဟုတ်ပါလား ။ ထိုလူသည် သူမကိုအခဲကြေဟန်မတူပေ။ ပြောသမျှ မြန်မြန်လုပ်ပေးမှသာ သက်သာရာရမည်မို့ အိတ်ထဲက ပါလာသည်များကို အမှုစစ်၏ စားပွဲပေါ် တင်လိုက်သည်။

"ရော့ဒီမှာ မထက်မြက်ချိုဆီမှာ ကျန်နေသေးတဲ့ မထက်မြက်ချိုအိမ်ကမီးခံသေတ္တာကနေ မထက်မြက်ချိုကိုယ်တိုင်ယူလာတဲ့  ကျောက်မျက်ထုပ် ပါ ...ကျွန်တော်ပြောချင်တာက ခုနက ဝေဒီက သူ့ကျောက်ထုပ်ကို မျက်ရှုအသွင် ယူပါတယ် စွပ်စွဲထားတာ ... တကယ်တမ်း အဲ့ဒီ ကျောက်ထုပ်က ဝေဒီအပ်နှံထားတဲ့ မထက်မြက်ချိုဆီမှာပါပဲ "

"ဟာ ..."

အမှုစစ်ရဲပင် ဟာကနဲ ဖြစ်သွားရသည်။ ကျန်လူများက ထက်မြက်ချိုကိုကြည့်သောအခါ ထိုစကားမှန်ကန်ကြောင်း ထက်မြက်ချိုက ခေါင်းငြိမ့်ပြပြီး ကျောက်ထုပ်လေးကို စားပွဲပေါ်တင်လိုက်သည်။ ဝေဒီသည် မပိုင်နိုင်သော ဇာတ်တခုကို ကပြမိသည်ဖြစ်၍ မျက်နှာမှာညိုမှောင်နေကာ မျက်စိပျက် မျက်နှာပျက် စဖြစ်နေပြီဖြစ်သည်။

" အမှန်တော့ ဆိုင်က ကလေးမလေးတွေအပြောကို ဝေဒီက အထင်မှားပြီး တိုင်မိတာထင်တယ် "

ဝေဒီ့ဘေးမှာထိုင်နေသော ရူဘီက ဝေဒီ့ဘက်ဖြေပြောပြောလိုက်သည် ။

" မှန်ကန်တဲ့ဘက်က ၀င်ပါလိုက် ရူဘီ ... အထင်မှားပြီး တိုင်တာမဟုတ်ဘူး အကွက်ဆင်ပြီး ချောက်ချတာ ရှေ့မှာ သူတို့နှစ်ယောက်ပြဿနာဖြစ်တုန်းကလဲ ကျွန်တော်ရှိနေခဲ့တယ် ..ဝေဒီက မျက်ရှုတို့အိမ်ကို အဆင့်အတန်းမရှိဘူးလို့စပြောတာ ..အမှုတည်ဆောက်ရင် ဒါတွေပါထည့်ရမှာ ..ကျွန်တော်ပြောတာ မှတ်ထားပါသလား ရှေ့နေကြီး "

You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ် Dove le storie prendono vita. Scoprilo ora