"ဘာတွေလဲကွာ... ဒီစာပိုဒ်ကြီးက ခက်လိုက်တာ.. ""မင်းမှစာစိတ်မဝင်စားတာ ရှမ်းပဲပုတ်ရ... ကျစ်"
ကောင်းစည်သူသည် ခွန်နောင်ဆင့်ကို စာရှင်းပြနေရင်း ကျစ်သတ်သည့်အသံက စထွက်လာသည်။ အေးအေးဆေးဆေးနေတတ်သည့်ကောင်တောင် စိတ်မရှည်တော့ပါဘူးဆိုလျှင် ခွန်နောင်ဆင့်၏ ထိုဘာသာရပ်အပေါ် စိတ်ဝင်စားမှု အခြေအနေကိုခန့်မှန်း၍ရနေပြီဖြစ်သည်။
"သင်္ချာပုစ္ဆာဆို ငါဝါသနာပါသေးတယ် ကျက်စာတွေက ငါ့စိတ်နဲ့မရဘူး"
"မင်းက ခေါင်းသုံးဆို ကျွမ်းပဲပတ်ထိုးနေတာကိုး... သူတောင်းစား.... အလွတ်ကျက်စရာမလိုဘူးလေ ခွန်နောင်ဆင့်... အချက်အလက်စုံရင် အမှတ်ပေးမှာပဲကို"
" ဒီပန်းသီး တော်တော်လေး ချိုတယ်ဟ "
ကြိမ်ခြင်းသေးသေးလေးထဲက လျှံထွက်နေသောပန်းသီးလေး များကို ဝဠာထက်တန်သည် လက်နှင့် ဆဆကြည့်နေသည်။ အသန့်ကြိုက်သူပီပီ စာသင်ခန်းအပြင် ကော်ရစ်ဒါ က ဘေစင် မှာရေသွားဆေးလိုက်သေးသည်။ ထို့နောက် စားပွဲပေါ်တက်ထိုင်ကာ အားရပါးရ ဝါးစားနေသော ဝဠာထက်တန်ကို စာရှင်းပြရင်းနပန်းလုံးခါနီးဖြစ်နေသော ဟိုနှစ်ကောင်က ငတ်ရန်ကော ဟူသောအကြည့်ဖြင့်လှည့်ကြည့်မိသည်။
"B ခန်းက ကြည်ပြာဝတ်မှုန် ရှမ်းပဲပုတ်ကို ပိုးကြေးပန်းကြေး လာပေးသွားတာ....ဂျပန်ကနေ တိုက်ရိုက်ပါလာတာတဲ့ ... စား စား ဖအေလေး"
"အဲ့ကောင်ကိုလဲ ကောင်မလေးတွေ ဘာကြည့်ကြိုက်ကြမှန်းမသိဘူး.... "
ဝဠာက မဲ့ရွဲ့ရင်း ဆိုသည်။ ခွန်နောင်ဆင့်ဆိုတဲ့ ကောင်သည် ရှမ်းလူမျိုးဖြစ်သည့်အားလျော်စွာ အသားအရေကဖြူသန့်ထွက်ကာနေသည်။လက်ဖဝါးလေးတွေ ပါးလေးတွေနီရဲလျက်... ဆံပင်ရှည်ပျော့ပျော့ ဂုတ်ထောက်လေးကို တခါတလေစည်းထားတတ်ပါသေး ။ ရှမ်းသံဝဲဝဲ ကျောင်းယူနီဖောင်းသေသေသပ်သပ်ဝတ်ထားပြီး အရပ်ရှည်ရှည် အမြဲခပ်ပြုံးပြုံးချိုချို ဖြစ်နေတတ်သော ခွန်နောင်ဆင့်သည် စိတ်လက်တဆစ်သာရှိသော ရုပ်တည်တည် ဝဠာထက်စာလျှင်တော့ ကျောင်းရှိကောင်မလေးများ၏ အသဲကျော်ပဲလှော်သာဖြစ်ပါလိမ့်မည်။
ESTÁS LEYENDO
You Are My Angel: တောင်ပံရိုက်ခတ်ပျံသန်းလာသောအချစ်
Romanceငါက မရဘူး ငါချစ်တဲ့မိသားစု ငါ့ညီ ငါချစ်တဲ့သူငယ်ချင်းတွေဆို စိတ်ထဲအမြဲထည့်ထားမိတာ... အကောင်းဆုံးဖြစ်စေချင်တာ... အဆင်ပြေစေချင်တာ.. အချစ်ဆိုတာကိုမေ့နေခဲ့တဲ့အထိပဲ... (ရဲဇင်ယော်မြင့်) အချစ်ဆိုတာ ဘာကြီးလဲလို့မသိခင်ကို ကံဇာတ်ဆရာက ဒီဇာတ်လမ်းထဲ ဘယ်လို ထည့်ပ...