Part1(Zaw+Uni)

614 42 0
                                    

နှစ်တစ်နှစ်၏အစဖြစ်သောကြောင့် Primrose University တွင်လည်း ပထမနှစ်ကျောင်းသူ ကျောင်းသားလေးများ အသစ်ဝင်လာမည်ဖြစ်သောကြောင့် စီနီယာများကကြိုဆိုရန်ပြင်ဆင်နေကြသည်။ Primrose University မှာ အတော်လေးကျယ်ဝန်းလှပြီးမေဂျာလည်းများပြားကာ ပြင်ပလှုပ်ရှားမှုအနေဖြင့် ကျောင်းတွင်ဖွဲ့ထားသော clubအသီးသီးလည်းရှိသေးသည်။ အဆောင်များမှာလည်း 3ထပ်အဆောင်များဖြစ်ပြီး အခန်းပေါင်းထောင်နှင့်ချီရှိသည်။ မိန်းကလေးအဆောင်နှင့်ယောကျာ်းလေးအဆောင်မှာအတော်လေးအလှမ်းဝေးပြီး မိန်းကလေးများကယောကျာ်းလေးအဆောင်သို့လာခြင်း ယောကျာ်းလေးများကမိန်းကလေးအဆောင်သို့လာခြင်းပြုလုပ်ပါက တစ်ကျောင်းလုံးသိအောင်အပြစ်ပေးခံရမည်ဖြစ်သည်။ တက္ကသိုလ်ဖြစ်တာမို့ ရည်းစားထားခြင်းကိုမကန့်ကွက်ထားပဲ လွတ်လပ်စွာနေခွင့်ရှိသော်လည်း အဆောင်ကိုတော့ကန့်သတ်ထားသည်။

ယောကျာ်းလေးအဆောင် အခန်းနံပါတ် 0005တွင်ဖြစ်သည်။

ဆိုးပြီးကာစပန်းရောင်ဆံပင်လေးကို တစ်မျက်နှာစာသာပေါ်သော မှန်အသေးလေးကိုထောင်ကာ သနေသောသူမှာ Seok Mathewဖြစ်သည်။ Hoodieအညိုရောင်အသစ်စက်စက်နှင့် Jean pantကိုလည်းထုတ်ဝတ်ထားသေးသည်။

"မတ်ချူး!!!! မတ်ချူး!!!!"

အခန်းအပြင်ကနေ နားစည်ကွဲမတတ်အော်ကာ ပြေးလာသော မတ်သရူး၏သူငယ်ချင်း မိုက်ကြောင့် မတ်သရူးလန့်သွားမိသည်။

"မင်းအမေကြီးတော်ကြီးမို့လို့ အော်နေတာလားကွ"
"ငါဒီမှာရှိတယ် မသေသေးဘူး"

"ဟောဟဲ ဟောဟဲ"
"ငါ ငါ ခုနက အဆောင်မှူးဆီကနေသတင်းရလာတာ"
"ငါတို့ကျောင်းကို ရှစ်ခီရှန်ပြောင်းလာမှာတဲ့"

မိုက်ကအသက်ကိုကြိုးစားရှူနေရင်းဖြင့်ပင် မောဟိုက်နေသည့်အသံဖြင့် အလောတကြီးပြောလာသည်။

"ရှစ်ခီရှန်?"
"ဘယ်သူကြီးလဲ"

မသိနားမလည်သည့် လေသံနှင့် မျက်ခုံးများကျုံ့စုသွားကာမေးလာသည်။

"ဟာ...မင်းကလည်း Shen Family ကိုမင်းမသိဘူးလား"
"ဒီနိုင်ငံမှာအချမ်းသာဆုံး နံပါတ်သုံးစာရင်းဝင်တဲ့ Shenမိသားစုလေကွာ အေး...သူတို့ရဲ့အငယ်ဆုံးသားလေးက အခုငါတို့ကျောင်းကိုပြောင်းလာမှာ"
"ပြောင်းလာရုံတင်မကဘူးနော် ငါတို့ရဲ့အခန်းဖော်ပါဖြစ်တော့မှာကွ"

I don't like u But I wanna be your loverWhere stories live. Discover now