Part2(Zaw+Uni)

264 32 3
                                    

သူဌေးသားလေးရစ်ခီရှန်၏ချောမောမှုမှာ ဆော့မတ်သရူးတို့သတိလစ်သွားသည်အထိ ဖမ်းစားခံလိုက်ရတော့သည်။

"လာ သွားကြမယ်"

သူငယ်ချင်းများကိုလှည့်မကြည့်ပဲ အရှေ့ကိုသာတန်းတန်းလျှောက်သွားရင်း ရစ်ခီရှန့်ဆီသို့ဦးတည်လိုက်သည်။ သူငယ်ချင်းနှစ်ယောက်ကလည်း ‌အ‌ေနာက်ကလိုက်ရ‌ေတာ့သည်။ လည်ပြန်ကြည့်နေကြသည့် လူအုပ်ကြီးကိုခက်ခက်ခဲခဲ‌ဖြတ်ကျော်၍ ရစ်ခီရှန်အနားသို့ရောက်သွားသည်။ အဝေးကမြင်ရတာထက်ပင် ပို၍ အရှိုန်အဝါကတောက်ပလွန်းနေတာမို့ မတ်သရူး မျက်လုံးများအားလက်ဖြင့်ကာလိုက်သည်။ ရစ်ခီရှန်ကတော့ နားမလည်သည့်မျက်လုံးများဖြင့် ခေါင်းစောင်းကြည့်လာသည်။

"ဒီက ညီလေးအချောလေးက အကိုတို့မပါပဲ ဒီကျောင်းဝန်းကြီးထဲ တစ်ယောက်တည်းလျှောက်သွားနေလို့ ဘယ်ဖြစ်ပါ့မလဲ"

သွားဖွေးဖွေးတွေပေါ်သည်အထိ ရယ်ပြကာ မျက်လုံးလေးများမှိုတ်ကျသွားသည်အထိ ပြောလာသည့် ပန်းရောင်ခေါင်းလေးနှင့်စတော်ဘယ်ရီလုံးလေးကို ရစ်ခီရှန်မျက်နှာတည်ဖြင့်ငုံ့ကြည့်လိုက်သည်။

"အာရုံနောက်စရာ"

တိုးဖျတဲ့လေသံဆိုပေမယ့် တည်ကြည်တဲ့အသံကြောင့် နီးနီးကပ်ကပ်ရပ်နေသည့်မတ်သရူးမှာ ကြားလိုက်သည်။ သူကကူညီပေးမလို့ဟာကို အာရုံနောက်စရာဟုအပြောခံလိုက်ရတာကြောင့် မတ်သရူးအီရှုံ့မဲ့ သွားကာ ဒေါသအနည်းငယ်ထွက်သွားသည်။ ရာဇဝင်ရိုင်းလိုက်တာ ကျောင်းသူအသစ်လေးတွေတောင်သူ့အကူအညီကိုမငြင်းဖူးဘူး။ ဒီပုံစံအတိုင်းသာဆို ကြားရသည့်သတင်းများမှန်နေသည်ထင်။

"ဟေ့! ဟေ့! ဟိုအရှေ့က ခေါင်းဖြူဖြူနဲ့ကလေး"

သူ့ကိုအရေးမလုပ်ပဲ တွန်းတိုက်ကာထွက်သွားသည့် ရစ်ခီရှန်ကို မတ်သရူးလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

ကလေးလို့အခေါ်ခံလိုက်ရတာကြောင့် ရစ်ခီရှန်ခြေလှမ်းများရပ်သွားကာ မျက်မှောင်ကြုတ်၍ တစ်ဖန်ပြန်လှည့်ကြည့်လာသည်။ ထိုအခါမှမတ်သရူးကသူ့အနားသို့လျှောက်သွားကာ

I don't like u But I wanna be your loverWhere stories live. Discover now