မနက်ခင်းရဲ့ နေရောင်ခြည်ဆိုတာ အတူတူနိုးထလာရတဲ့ ချစ်သူရဲ့ မျက်နှာလေးပဲ ဖြစ်မည်ထင်သည်။ မတ်သရူး မျက်လုံးများဖွင့်လိုက်ချိန်တွင် သူ့မျက်နှာရှေ့တွင် အိပ်ပျော်နေဆဲ ရစ်ခီဖြစ်သည်။ ပထမဆုံးအကြိမ် ချစ်သူရဲ့ရင်ခွင်ထဲကနေ နိုးထရတဲ့ မနက်ခင်းဟာ ဒီလောက်ချိုပါသလား။ အိပ်ပျော်နေသည့် ရစ်ခီကို အချိန်ကြာကြာ နူးညံ့စွာကြည့်နေမိသည်။ ထို့နောက် ဖြောင့်စင်းနေသည့် နှာတံပေါ်သို့ မတ်သရူး၏ လက်ချောင်းများ ဖြတ်ပြေးတော့ ခန္ဓာကိုယ် လှုပ်ရှားလာပြီး မျက်လုံးများက ပွင့်လာသည်။
"ကျွန်တော် အရမ်းချောလို့လား"
ရစ်ခီက အိပ်ယာနိုးစ အသံဖြင့်ပြောသည်။
"ထတော့ ကျောင်းသွားရမယ်လေ"
"မထချင်ဘူး နည်းနည်းလောက်ထပ်အိပ်လို့မရဘူးလား"
ရစ်ခီကလူးလှိမ့်ရင်း ရင်ခွင်ထဲသို့ အတင်းတိုးဝင်သည်။
"မထလို့မရဘူးလေ ကျောင်းသွားရပါမယ်ဆို"
မတ်သရူးက ရင်ခွင်ထဲက ရစ်ခီကို တွန်းထုတ်သည်။ ရစ်ခီလည်း ရင်ခွင်ထဲမှ ထွက်လိုက်ပြီး မတ်သရူးကို အပေါ်ကနေ အုပ်မိုးလိုက်သည်။ ပြီးေနာက် မျက်နှာတလျှောက် အနမ်းတွေကြဲချတော့သည်။
"အဟား...ရစ်ခီ တော်ပြီလို့"
မတ်သရူးက ယားလာ၍ ရုန်းသည်။ ရစ်ခီလည်း နမ်းလို့ဝသွားတော့ အပေါ်ကနေဖယ်ပေးပြီး ထထိုင်လိုက်သည်။ မတ်သရူးလည်း ထိုင်လိုက်ပြီး ရှုပ်ပွနေသည့် ရစ်ခီ၏ ဆံသားဖြူဖြူတွေကို ပွတ်သပ်ပေးနေသည်။
"ကိုကိုသိလား ကိုကိုကျွန်တော့်ဆံပင်တွေကို သပ်တင်ပေးရင် ကျွန်တော်အရမ်းသဘောကျတာ"
"သိပါတယ် ကြောင်ပေါက်လေးရဲ့"
"မထချင်လို့ လူလည်ကျမနေနဲ့ သွားတော့ ရေသွားချိုး ကိုကိုလည်း ပြင်ဆင်တော့မယ်"မတ်သရူးရဲ့ စကားကို ရစ်ခီကခေါင်းငြှိမ့်ပြလိုက်သည်။
"အာဘွားပေးရင် သွားမယ်"
ပြွတ်!
ပြွတ်!
မတ်သရူးက ရစ်ခီ၏ပါးနှစ်ဖက်ရော နှုတ်ခမ်းကိုပါ အနမ်းပေးသည်။ ထိုအခါ လိုချင်တာရသွားသည့် ကြောင်ပေါက်လေးဟာ နေရာမှထပြီး ကျောင်းသွားဖို့ ပြင်ဆင်ရန် သူ့အခန်းထဲသို့ ထသွားတော့သည်။
YOU ARE READING
I don't like u But I wanna be your lover
FanfictionRicky Shen Seok Mathew Shenthew digimonz Enemy to lover