Part7(Zaw+Uni)

242 39 10
                                    

Primrose University ရဲ့ Fresher Welcome ကျင်းပရန် နှစ်ပတ်သာလိုတော့သည်။ Fresher Welcome ဆိုသည့်အတိုင်း မေဂျာအလိုက် clubအလိုက် စီနီယာများနှင့် ဂျူနီယာများ ပူးပေါင်းကာ ပျော်ပွဲရွှင်ပွဲများကျင်းပမည်ဖြစ်သည်။ Primerose University ဟာ ပိုက်ဆံရှိသားသမီးများ အမြောက်အမြားတက်ရောက်သည့်ကျောင်းမို့ ပွဲအခမ်းအနားတွေဆိုလျှင် ခမ်းခမ်းနားနား စည်စည်ကားကားကျင်းပသည်။

ဒီနှစ်ပို၍ထူးခြားသည်က ပြိုင်ဖက်ကျောင်းက Basketball အသင်းကိုလည်းဖိတ်ထားသေးသည်မို့ Basketball clubရဲ့ စိန်ခေါ်မှုအသစ်လည်း ဖြစ်သည်။ မိုက်ကတော့ပြဇာတ်မေဂျာတွင် သူဦးဆောင်ကာ ပြဇာတ်ကရမည်ဖြစ်သဖြင့် ဒီနှစ်တော့ Basketball ပွဲတွင်ပါဝင်နိုင်မည်မဟုတ်ပါ။ သူတို့ ပြဇာတ်ကိုလည်း လူစိတ်ဝင်စားမှုပိုများအောင် ရစ်ခီရှန်ကိုအဓိကဇာတ်ဆောင်နေရာကနေကခိုင်းသည်။ ရစ်ခီရှန်ကငြင်းကာ မိုက်ကို မျက်နှာမပျက်စေရန် ဇာတ်ညွှန်းပိုင်းကိုသာတာဝန်ယူမည်ဟုပြောသည်။ အနည်းငယ်တော့နှမြောပေမယ့် ကာယကံရှင်သဘောမို့ မိုက်လည်းအတင်းမတိုက်တွန်းချင်ပါ။ ဘာပဲပြောပြော ဒီပြဇာတ်မှာ ရစ်ခီတစိတ်တပိုင်းပါဝင်တယ်ဆိုကတည်းက လူအများစိတ်ဝင်စားတော့မှာအမှန်ပင်ဖြစ်သည်။

နေ့လည်စာစားချိန်ဖြစ်ရာ ကန်တင်းတွင်လေးယောက်ထိုင်၍ နေ့လည်စာစားနေကြသည်။

"မင်းတို့မေဂျာက ဒီနှစ်လည်းမုန့်ပဲရောင်းမယ်တဲ့လား"

"ဟုတ်ပါ့"

မိုက်ရဲ့အမေးကို မတ်သရူးနှင့်မီရှဲလ်က ခေါင်းညှိမ့်ကာပြန်ဖြေသည်။ပြင်သစ်မေဂျာက နှစ်တိုင်းမုန့်ပဲရောင်းနေတာမို့ မတ်သရူးတစ်ယောက်မေဂျာထက်clubဘက်ကိုသာပိုအားသန်သည်။

"ဒီနှစ်တော့ ငါမပါနိုင်တာဆောရီးကွာ ပြဇာတ်ကိုငါဦးဆောင်ရမှာမို့လို့ ရစ်ခီရှန်ကလည်းဇာတ်ညွှန်းရေးပေးမယ်တဲ့"

ရစ်ခီဇာတ်ညွှန်းရေးမယ်ဆိုသည့် စကားကိုကြားတော့ ဘေးတွင်နေ့လည်စာထိုင်စားနေသည့် ရစ်ခီအား မတ်သရူးဆက်ကနဲလှည့်ကြည့်သည်။

"ဝိုး...ရစ်ခီကဇာတ်ညွှန်းရေးမှာလား"
"ငါလည်းဖတ်ချင်တယ် ဖတ်လို့ရလား"

I don't like u But I wanna be your loverWhere stories live. Discover now