Part12(Zaw+Uni)

258 33 15
                                    

မြစ်ကမ်းပတ်လည်တွင် မီးရောင်စုံထွန်းထားသည့် လူနေအဆောက်အဦးများ နှင့် မီးရူးမီးပန်းများ၏ အလှအား‌ေနာက်ခံထားပြီး နူးနူးညံ့ညံ့အနမ်းခြွေနေကြသည့် ရစ်ခီနှင့်မတ်သရူးဖြစ်သည်။ နှစ်ယောက်လုံးဟာ ဒီအခိုက်အတန့်လေးကိုမပြီးဆုံးချင်ကြမှာအမှန်ဖြစ်သည်။ တစ်သက်လုံး တစ်ဘဝလုံး ဒီနေရာလေးမှာပဲရပ်တန့်ထားလိုက်ချင်သည်။ ရုပ်ရှင်တစ်ခုကဇာတ်ဝင်ခန်းတစ်ခုသာဆိုရင် ဤအပိုင်းကိုခဏခဏပြန်ရစ်နေမိမှာပင်ဖြစ်သည်။ အချိန်အတော်ကြာအထိ အနမ်းပေးပြီးနောက်တွင် မတ်သရူးကရပ်တန့်လိုက်ပြီး မျက်လုံးဖွင့်ကြည့်သည်။ ရစ်ခီ၏ရီဝေစွာကြည့်နေသည့် မျက်ဝန်းများနှင့် စုံသည်။

"ခုနကဘာပြောမလို့လဲ"

ရစ်ခီရှန်ကသူ့မျက်နှာကို မတ်သရူး၏မျက်နှာအနား ကပ်ထားပြီးသေချာကြည့်၍မေးသည်။ မတ်သရူးမနေတတ်ဖြစ်လာပြီး ပါးနှစ်ဖက်နီရဲလာပြန်သည်။ ထို့နောက်ရစ်ခီအားအကြည့်လွှဲလိုက်ပြီး ဖြေလိုက်သည်။

"မင်း မင်းကိုသဘောမကျဘူးလို့ပြောမလို့"

မတ်သရူး ရစ်ခီ၏အကြည့်များကို ဆက်လက်ရင်မဆိုင်နိုင်တော့တာမို့ အကြည့်လွှဲ၍ဖြေလိုက်သည်။ ထိုအခါရစ်ခီက ခပ်ဟဟတစ်ချက်ရယ်လိုက်သည်။

"သဘောမကျဘူးဆိုပြီး နမ်းတော့ကျငြိမ်ခံနေတယ်"

"ရစ်ခီ မင်းနော်"

ရစ်ခီကစနောက်လိုက်တော့ မတ်သရူးထအော်တော့သည်။

တချိန်တည်းမှာပဲ ရစ်ခီဘောင်းဘီးဘေးအိတ်ထဲမှ ဗူးအသေးတစ်ဗူးကိုထုတ်လိုက်သည်။ အဖုံးဖွင့်ပြီး အထဲတွင်ရှိသော platinum necklace ကိုယူလိုက်သည်။ ထို့နောက်မတ်သရူးဘက်သို့ မျက်နှာမူပြီး နူးညံ့သောမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

"ကျွန်တော်နဲ့တွဲပေးပါ ကိုကို"

"ဟင်.."

မတ်သရူး ဟင်ကနဲပင်ဖြစ်သွားရသည်။ ရစ်ခီကအခုသူ့ကို ရည်းစားစကားပြောနေခြင်းဖြစ်သည်။ စိတ်ထဲတွင် တအားပျော်နေသလို စိတ်လည်းလှုပ်ရှားနေသည်။ တဖန် ရင်တွေလည်းအတိုင်းအဆမရှိ ခုံနေပြန်သည်။ ထိုအချိန်ရစ်ခီက မတ်သရူး၏ဘယ်ဘက်လက်တစ်ဖက်ကို ဆွဲယူပြီး သူ့ရင်ဘတ် ဘယ်ဘက်ပေါ်တင်ပေးသည်။

I don't like u But I wanna be your loverWhere stories live. Discover now