Part19(Zaw+Uni)

177 30 10
                                    

ကားပေါ်တွင်လည်း ရစ်ခီဟာ ဘာစကားမှမဆိုပဲ ပြတင်းပေါက်ကိုသာငေးကြည့်နေသည်။ အသက်ရှူသံတွေဟာလည်း မြန်နေပြီး လက်တွေဟာလည်း တုန်ရီနေ‌သည်။ သွေးပူနေသည့်အချိန်မို့ ဘာမှလည်း မစဉ်းစားနိုင်သည့် အ‌ခြေအနေဖြစ်နေသည်။

"မတ်ချူး ဘာမှမဖြစ်လောက်ပါဘူး အဆင်ပြေမှာပါ"

အခုအချိန်တွင် မီရှဲလ်ရဲ့ အားပေးစကားဟာလည်း ရစ်ခီရဲ့ရင်ကို မအေးစေနိုင်တာ အမှန်ပါ။

ဆေးရုံသို့ရောက်ချိန်တွင် မတ်သရူးကို ဆေးကုပေးနေသည့် အခန်းရှေ့က ထိုင်ခုံတွင် ထိုင်နေသည့် မိုက်ကိုတွေ့သည်။ ရစ်ခီကအခန်းထဲဝင်မည် လုပ်၍ မိုက်ကဝင်ဆွဲရသည်။

"အသိစိတ်ကပ်ဦး ရစ်ခီရှန်!"
"အခုမတ်ချူးရဲ့ ဒဏ်ရာတွေကို ဆရာဝန်တွေကုပေးနေတာ မင်းဝင်သွားလို့မရသေးဘူး"

ရစ်ခီဟာ ဘာမှပြန်မပြောနိုင်ပဲ နံရံကိုသာစိတ်ပျက်လက်ပျက်ဖြင့် မှီထားလိုက်ပြီး သက်ပြင်းလေးလေးကိုချလိုက်သည်။ တစ်နာရီလောက် ကြာပြီးတဲ့အချိန်မှာတော့ အခန်းထဲက ဆရာဝန်တစ်ယောက်ထွက်လာသည်။

"ဆရာမ လူနာအခြေအနေ"

ရစ်ခီက ဆရာမအနားသို့သွားပြီး မတ်သရူး၏ အခြေအနေကို စိုးရိမ်တကြီးမေးသည်။

"‌ဦးခေါင်းကို တစ်ခုခုနဲ့ရိုက်မိထားတဲ့ဒဏ်ရာရယ် ညာဘက်လက်ရယ် ကျိုးသွားပါတယ်။ ဦးခေါင်းကဒဏ်ရာက၅ချက်ချုပ်ရပါတယ် လက်ကိုလည်း ကျောက်ပတ်တီးစည်းပေးပြီး ဒဏ်ရာတွေကိုလည်း ဆေးထည့်ပေးပြီးပါပြီ။ ခေါင်းကိုရိုက်မိထားတဲ့ အရှိုန်ရယ် သွေးထွက်လွန်သွားတာရယ်ကြောင့် သတိတော့ပြန်မလည်လာသေးပါဘူး။ ကျွန်မတို့ အခုတော့ လူနာကို သွေးသွင်းဖို့ လုပ်ဆောင်လိုက်ပါဦးမယ်။"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာမ"

ဆရာမရဲ့ ရှင်းပြချက်ကိုကြားပြီးချိန်တွင် မိုက်ကဆရာမကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ရစ်ခီဟာ သိသိသာသာ မျက်နှာတင်းမာသွားသည်။

"ကိုကို့ ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ!"
"ငါမေးနေတယ်လေ မတ်သရူးကိုဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲလို့!"

I don't like u But I wanna be your loverWhere stories live. Discover now