Part3(Zaw+Uni)

234 26 0
                                    

တီ! တီ! တီ! တီ!

နှိုးစက်Alarmမှာအချိန်‌အတော်ကြာမြည်နေသည်မို့ မတ်သရူးနားနှစ်ဖက်ပိတ်ကာ အိပ်ယာထဲလူးလှိမ့်နေသည်။ သူတို့သူငယ်ချင်းနှစ်ယောက်က ဘယ်သောအခါမှ နှိုးစက်ပေးပြီးမအိပ်တတ်ပါ။ ကျောင်းနောက်ကျရင်လည်းနောက်ကျပါစေ အိပ်စက်အနားယူတာကိုအပူအပင်ကင်းကင်းနှင့် အိပ်စက်မည်ဟု ကျိန်ဆိုထားသောကြောင့်ဖြစ်သည်။ ဘေးကသူ့ငယ်ချင်းကို လှမ်းကြည့်လိုက်တော့လည်း အသက်တောင်ရှူနေသေးရဲ့လား စိုးရိမ်စရာကောင်းလောက်အောင် ငြိမ်သက်စွာစက်တော်ခေါ်နေသည်။ ဒါဟာရစ်ခီရှန်လက်ချက်ဆိုတာ တန်းသိလိုက်ပြီ။

ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး အိပ်ယာထဲမှထွက်ကာ ဖုန်းကိုအသည်းအသန်လိုက်ရှာတော့သည်။ မတ်သရူးဖုန်းနာရီကိုကြည့်လိုက်တော့ မနက်၇နာရီ။ ခန္ဓာကိုယ်ထဲမှသွေးများပြောင်းပြန်စီးဆင်းသွားသလိုတောင်ထင်ရပြီး နားထဲမှလည်းအငွေ့များထွက်လာသည်။

"ရစ်ခီရှန်!!!!"

ဒေါသထွက်နေသည့်မတ်သရူး၏ အော်သံကြောင့် ရစ်ခီရှန်တင်မက ဘေးကမိုက်ပါလန့်နိုးသွားသည်။

"မင်းရဲ့Alarmကိုအခုပိတ်လိုက်!!"

မတ်သရူးကတော့ ဒေါသထွက်လွန်းလို့မျက်နှာတစ်ခုလုံးပေါက်ကွဲထွက်တော့မလိုဖြစ်နေပေမယ့် ရှစ်ခီရှန်ကတော့ ဘာမှမဖြစ်သလိုအိပ်ချင်မူးတူးဖြင့် alarmပိတ်ကာ ထထိုင်သည်။ အိပ်ယာထကာစဖြစ်နေတာတောင် ပုံပျက်မသွားတဲ့ ရှစ်ခီရှန်၏ဆံပင်များကလည်း ထိုးထိုးထောင်ထောင်နှင့် ရှုပ်ပွနေသော မတ်သရူးရဲ့ပန်းရောင်ဆံပင်များကို လှောင်ပြောင်နေသလို။

"မင်းမနိုးရင်လည်း Alarmမပေးနဲ့လေကွာ"
"အခုတော့ မင်းကလွဲပြီးအကုန်နိုးကုန်ပြီ"
"ပြီးတော့နေစမ်းပါဦး ကျောင်းက၉နာရီမှကို ဘာကိစ္စ၇နာရီကတည်းကalarmပေးထားတာလဲ"
"ကျောင်းနဲ့အဆောင်က သုံးလှမ်းတောင်မလှမ်းရတဲ့ခရီးကို"

မနက်စောစောစီးစီး သူ့ကိုအော်ဟစ်ကာသောင်းကျန်းနေသော မတ်သရူးကို မျက်လုံးများအားယူဖွင့်ကာ အပေါ်ထပ်ကုတင်က‌ေနငုံ့ကြည့်လိုက်သည်။ နာရီကအိမ်မှာကတည်းက၇နာရီဆို ထနေကျမို့ မေ့ပြီးalarmမဖြုတ်မိလိုက်ခြင်းဖြစ်သည်။ သူမှားတယ်ဆိုပေမယ့်လည်း ဒီလောက်အထိဒေါသတကြီးအော်နေစရာမလိုတာမို့ တောင်းပန်မဲ့အစားရန်စသည့်စကားတစ်ခွန်းသာ ပြောလိုက်သည်။

I don't like u But I wanna be your loverWhere stories live. Discover now