Part13(Zaw+Uni)

232 31 14
                                    

မျက်စိရှေ့က တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကြောင့် မျက်လုံးအပြူးသားနှင့် စကားပင်မပြောနိုင်အောင် မိုက်တစ်ယောက်ဆွံအနေသည်။ ရစ်ခီကလည်းမတ်သရူး၏ ခါးကိုဖက်လျက်သားနှင့် ကြောင်ကြည့်နေမိသည်။ မတ်သရူးကလည်း တစ်ကိုယ်လုံးတောင့်တင်းနေပြီး အခန်းအတွင်း ငါးစက္ကန့်မျှတိတ်ဆိတ်သွားသည်။

"ငါ ငါတောင်ခုနကမင်းကိုမတွေ့လို့ပြောနေသေးတယ်"
"ဘယ်ကပြန်လာတာလဲ မနက်စာသွားစားတာလား"

မတ်သရူးကသူ့ခါးပေါ်ရှိ ရစ်ခီ၏လက်များကိုဖယ်လိုက်ပြီး မိုက်ကိုရှက်ကိုးရှက်ကန်းဖြင့်ပြောသည်။

"ဟမ် အင်း....အင်း ဟုတ်တယ် မနက်စာသွားတာ ငါမနက်စာသွားစားတာ"

မတ်သရူး၏အမေးကိုကြားတော့မှ အသိပြန်ဝင်လာသည်။ ပြုတ်ကျသွားသည့် သူ့အကင်ထုတ်ကိုပြန်ကောက်ပြီး သရဲသဘက်တွေ့လိုက်ရသလို ပါးစပ်ကလည်းတီးတိုးရေရွတ်နေသေးသည်။ ထို့နောက် သူ့ကုတင်တွင်ဝင်ထိုင်လိုက်သည်။ မတ်သရူးနှင့်ရစ်ခီလည်း မိုက်ရဲ့မျက်နှာချင်းဆိုင်က မတ်သရူး၏ကုတင်ပေါ်တွင် နှစ်ယောက်ဝင်ထိုင်လိုက်သည်။ မိုက်၏အမူအရာက မေးခွန်းတွေအရမ်းများလွန်းနေ၍ ဘယ်ကနေဘယ်လိုစမေးရမှန်း မသိဟန်ဖြစ်နေသည်။

"ငါတို့ တွဲနေကြပါပြီ"

မတ်သရူးဘက်ကစပြီး အသိပေးလိုက်သည်။ မဟုတ်လည်း နောက်သိမယ့်သူတွေမို့ လျှို့ဝှက်မထားချင်ပါ။ ရစ်ခီကတော့ ကိုကိုပြောသမျှဘေးကနေခေါင်းလိုက်ငြှိမ့်သည်။

"ဘယ်ကနေ ဘယ်လို...ငါမင်းတို့ကို နှစ်ရက်လောက်ပဲလွှတ်ပေးလိုက်မိတာပါ"

မိုက်အံ့ဩသည့်လေသံဖြင့်ပြန်ဖြေသည်။ မတ်သရူးကဘာမှပြန်မဖြေ၍ မိုက်ကဆက်ပြောသည်။

"မင်းတို့ပဲအရင်က တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင်လောက်အောင် မုန်းနေတာမဟုတ်ဘူးလား"

"မမုန်းပါဘူး!"
"မမုန်းပါဘူး!"

ဒါမျိုးကျတော့နှစ်ယောက်သား ပြိုင်တူချက်ခြင်းပင်ထဖြေသည်။

"ဟူး....."

မိုက်ကဘာဆက်ပြောရမှန်းမသိ၍ ‌သက်ပြင်းသာချလိုက်သည်။

I don't like u But I wanna be your loverWhere stories live. Discover now