Part20(Zaw+Uni)

203 29 10
                                    

နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကိုလာထိတွေ့တော့မှသာ မတ်သရူးအိပ်ယာနိုးတော့သည်။ နိုးလာချင်း ဆေးနံ့တွေကနှာခေါင်းထဲ တိုးဝင်လာတာမို့ ခေါင်းကိုက်ချင်သလိုတောင် ဖြစ်သွားရသည်။ တစ်ချက်သန်းဝေပြီး အိပ်ယာကထလိုက်တဲ့အခါ ဘေးက ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ရစ်ခီကိုတွေ့လိုက်ရသည်။

အိပ်နေသည်က နှစ်ယောက်စာဆိုဖာခုံအသေးပေါ်တွင် ခြေထောက်တွေက လွတ်နေသည်။ ဖြူဖျော့နေသော နှုတ်ခမ်းတွေဖြင့် မတ်သရူးပြုံးလိုက်မိသည်။ တစ်ညလုံး ခေါင်းကိုက်တယ်ဆိုလည်း ဆရာဝန်အပြေးခေါ်ပေးပြီး အိပ်မရဘူး‌ဆိုတော့လည်း ဘေးကနေ လက်‌လေးကို ကိုင်ပေးပြီး စကားတွေပြောနေပေးသည်။ ဒီကြားထဲ ဗိုက်ဆာသည်ဆိုလျှင်လည်း မငြီးမငြူထ၍ စားချင်သည်ကို ကျွေးသေးသည်။

ရစ်ခီလည်း တော်တော်ပင်ပန်းခဲ့ရတာမို့ မနှိုးတော့ပဲ ဒီအတိုင်းသာ ကုတင်ပေါ်ကနေထိုင်ကြည့်နေမိသည်။ သိန်းထီဆုပေါက်တာဟာ ဘယ်လိုခံစားချက်လည်း မသိပေမယ့် ရစ်ခီကိုပိုင်ဆိုင်ထားရခြင်းကတော့ သေချာပေါက် သိန်းထီဆုပေါက်တဲ့ ခံစားချက်ထက် အဓိပ္ပာယ်အများကြီးရှိမည်ထင်သည်။

ရစ်ခီဆက်ကနဲ လန့်နိုးလာပြီး မတ်သရူးကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ကိုပြုံးပြီးကြည့်နေတဲ့ အားအင်မရှိတဲ့ ဖြူဖျော့ဖျော့မျက်နှာလေးနှင့် ဆုံသည်။ ထိုအခါမှ သက်ပြင်းခပ်ဖွဖွချလို့ မတ်သရူးအနားသို့ လျှောက်သွားလိုက်သည်။

"ကိုကို နိုးနေပြီပဲ"
"ဘာလို့ကျွန်တော့်ကိုမနှိုးတာလဲ"

ရစ်ခီက မျက်လုံးတွေကိုပွတ်သပ်ရင်း ပြောသည်။

"ရစ်ခီက တစ်ညလုံးပင်ပန်းထားတာလေ"
"ကိုကိုက ဘယ်လိုလုပ်နှိုးရက်မှာလဲ"

"အခုရော ခေါင်းကိုက်သေးလား"

"မကိုက်တော့ဘူး ကိုကိုသက်သာနေပါပြီ"

ဒေါက်! ဒေါက်!

တံခါးခေါက်သံကြားလိုက်သည်မို့ နှစ်ဦးလုံးရဲ့ အကြည့်တွေကို တံခါးဆီပို့လိုက်သည်။

"မတ်ချူး သက်သာရဲ့လား"

ဝင်လာချင်းပင် မီရှဲလ်က မတ်ချူးအနားကပ်လို့ သတင်းမေးသည်။ မိုက်နှင့် အိုလီဗာ၊ စကားလတ်တို့လည်းပါသည်။

I don't like u But I wanna be your loverWhere stories live. Discover now