ညနေကျောင်းဆင်းချိန်ေရာက်တော့ မတ်သရူးတို့စာသင်ဆောင်ရှေ့သွားပြီး စောင့်နေမိသည်။ ကျောင်းသားတွေ တစ်ယောက်မှမရှိတော့သည်အထိ မတ်သရူးကထွက်မလာသေးပါ။ ထိုအခါမှ လက်ထဲတွင်ပိုက်ထားသည့် လွယ်အိတ်ကိုငုံ့ကြည့်ပြီး အသိပြန်ဝင်တော့သည်။ လွယ်အိတ်တစ်အိတ်လုံးတောင် ထားခဲ့တာ အတန်းလည်းဘယ်တက်ပါ့မလဲ။
သူ့ကိုစိတ်ဆိုးပြီး အိမ်မပြန်ပဲ အဆောင်မှာရှိမည်အထင်နှင့် အဆောင်သို့လိုက်သွားသော်လည်း မတ်သရူးကို မတွေ့။ ရစ်ခီ စိတ်ပူသွားပြီး မတ်သရူးဆီ ဖုန်းခေါ်မိသည်။ ဖုန်းကဝင်နေပေမယ့် မကိုင်ပါ။ ဘယ်မှာရှိလောက်မလဲ စဉ်းစားရင်း ကျောင်းဝန်းထဲ ပတ်ရှာနေမိသည်။ နောက်ဆုံးတွင်တော့ အားကစားကွင်းဘက်သို့ ရောက်လာသည်။ ပွဲကြည့်စင်တွင် တစ်ယောက်တည်းထိုင်နေသည့် မတ်သရူးကို တွေ့တော့မှသာ အသက်ဝဝရှူနိုင်တော့သည်။
အနားသို့လျှောက်သွားလိုက်ပြီး ဘေးတွင်ဝင်ထိုင်သည်။ ထိုအခါမတ်သရူးက တစ်ဖက်သို့တိုးသွားသည်။ ရစ်ခီကလည်း လိုက်တိုးသည်။ မတ်သရူးကလည်း တစ်ဖက်သို့ ထပ်တိုးပြန်သည်။ ရစ်ခီကလည်း အနားကပ်သည်အထိ ထပ်တိုးသည်။
"ဘာဖြစ်နေတာလဲ!"
မတ်သရူး စိတ်မရှည်စွာအော်ပစ်လိုက်သည်။ ဒါတောင်ရယ်နေသေးသည့် ရစ်ခီကို သူတော်တော်အသည်းယားနေပြီ ဖြစ်သည်။
"အတန်းမတက်ပဲ ဒီမှာလာထိုင်နေတာပေါ့"
ရစ်ခီရဲ့အမေးကို ဘာမှပြန်မဖြေပဲ အရှေ့ကိုသာ ငေးကြည့်နေသည်။
"အင်းပေါ့လေ စာမလုပ်ချင်လို့တောင် လွယ်အိတ်တစ်အိတ်လုံးလုံး သူများကိုပေးသွားတာပဲ"
"အတန်းမတက်တာ မထူးဆန်းပါဘူး""မင်းနဲ့ငါ လမ်းခွဲပြီးသွားပြီလေ!"
"ဟုတ်လား ဘယ်တုန်းကလဲ"
"မင်းမသိချင်ယောင်လာမဆောင်နဲ့!"
"ကျွန်တော် စိတ်ဆိုးဖို့လဲ ထားပါဦးဗျာ"
"လမ်းခွဲခံရတာ ကျွန်တော်ပါ""မင်းကငါ့ကိုစိတ်ပျက်နေတာကို"
ရစ်ခီသက်ပြင်းတစ်ချက်ချလိုက်သည်။
YOU ARE READING
I don't like u But I wanna be your lover
FanfictionRicky Shen Seok Mathew Shenthew digimonz Enemy to lover