Part23(Zaw+Uni)

130 22 0
                                    

ယယ်ဂျီရဲ့ချိန်းဆိုမှုကြောင့် ကျောင်းနားက cafeမှာပဲ တွေ့ဖို့ဆုံးဖြတ်လိုက်ကြသည်။

ရစ်ခီနဲ့မတ်သရူးရောက်သွားတော့ ယယ်ဂျီကရောက်နှင့်နေပြီ ဖြစ်သည်။

"ယယ်ဂျီ ငါတို့ကိုပြောစရာရှိလို့လား"

နေရာတွင်ဝင်ထိုင်ပြီး မတ်သရူးကမေးသည်။ ယယ်ဂျီက မျက်လုံးတွေဂနာမငြိမ်ဖြစ်နေပြီး တုန်ယင်နေသည်။ လက်တွေကိုလည်းကုပ်ဖဲ့နေသည်။ ဒါကိုမတ်သရူးက သတိထားမိတော့ ‌လေသံခပ်အေးအေးဖြင့် ပြောသည်။

"နင်ဘာမှမကြောက်နဲ့ ငါတို့ကိုယုံလို့ရပါတယ်"
"နင်ထိခိုက်စေမဲ့ ကိစ္စမျိုး ငါတို့လုံးဝမလုပ်ဘူး"

ယယ်ဂျီက မတ်သရူးနှင့် ရစ်ခီကို တစ်လှည့်စီ သေချာကြည့်လိုက်ပြီး ခေါင်းကိုငုံ့လိုက်သည်။

"ငါ နင်တို့ကိုယုံပါတယ်"

သူမရဲ့လေသံက ခပ်တိုးတိုးသာဖြစ်သည်။

"ငါနဲ့ဝီလျံနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတာက တကယ်ချစ်ကြလို့မဟုတ်ဘူး"

ယယ်ဂျီရဲ့ စကားကြောင့် မတ်သရူးရော ရစ်ခီပါ မျက်ခုံးတို့ပင့်တက်သွားရသည်။ ယယ်ဂျီကတော့ ခေါင်းငုံ့လျက်သာ ဆက်ပြောသည်။

"အဲ့ဒီ့နေ့က စီနီယာတွေနဲ့ စားသောက်ကြပြီး ပွဲတစ်ခုလုပ်နေတာ ဝီလျံလည်းပါတယ်"
"အရက်မသောက်နိုင်တဲ့ငါ့ကို မူးအောင်တိုက်ပြီး အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီး ပြန်မပို့ပေးပဲ သူ့အိမ်ကိုခေါ်သွားတယ်"
"တအားမူးနေလို့ ဘာမှမတုံ့ပြန်နိုင်တဲ့ငါ့ကို ငါ့ကို"

ယယ်ဂျီဆက်မပြောနိုင်တော့ပဲ မျက်ရည်တွေဝဲတက်လာခဲ့သည်။ မတ်သရူးက ဒေါသထွက်လွန်း၍ လက်သီးကိုတင်းတင်းဆုပ်ထားပြီး ရစ်ခီကလည်း အံကိုကြိတ်ထားမိသည်။

"ရတယ် ယယ်ဂျီ နင်ဆက်မပြောချင်ရင်"

"မဟုတ်ဘူး ငါပြောမှာ ငါနင်တို့ကို အကုန်ပြောပြမှာပါ"
"တစ်ခုတော့ ကတိပေးပါ ငါ့ကိုဒီငရဲတွင်းထဲကနေ ကယ်ပေးပါ"

မတ်သရူး ရစ်ခီကို တစ်ချက်လှည့်ကြည့်ပြီး ယယ်ဂျီကို ပြန်ကြည့်သည်။

I don't like u But I wanna be your loverWhere stories live. Discover now