Part10(Zaw+Uni)

239 44 11
                                    

"ရစ်ခီ....ဘယ်ခေါ်သွားမလို့လဲ"

"အိမ်ကို"

"ဟင်..."

ဆေးပေးခန်းကနေ နှစ်ယောက်သားအဆောင်အဆောင်သို့ပြန်လာခဲ့သည်။ အဆောင်ရှေ့ရောက်တော့ ရစ်ခီကမတ်သရူးလက်ကိုဆွဲထားပြီး သူနဲ့ခဏလိုက်ခဲ့ဖို့ခေါ်သည်။ မတ်သရူးလည်းလက်ခံလိုက်ပြီး ခဏကြာတော့ ကျောင်းဝန်းထဲသို့ အနက်ရောင်ဇိမ်ခံကားတစ်စီး သူတို့ရှေ့လာရပ်သည်။ ရစ်ခီကမတ်သရူးအတွက် တံခါးဖွင့်ပေးပြီး "တက်ပါ" ဆိုသည့်ပုံစံဖြင့်ခေါင်းစောင်းပြသည်။ မတ်သရူးကားထဲဝင်ချိန် ခေါင်းမတိုက်မိစေရန်လည်း ရစ်ခီသူ၏လက်များဖြင့် ကာထားပေးသည်။ မတ်သရူးကားပေါ်တက်ပြီးတော့မှ ဘေးတွင်ရစ်ခီလည်းဝင်ထိုင်သည်။ ကျောင်းဝန်းထဲမှကားထွက်သွားပြီး ခဏကြာတော့ မတ်သရူးကရစ်ခီကိုမေးလိုက်သည်။ ရစ်ခီက "အိမ်ကို"ဆိုသည့်စကားတစ်ခွန်းသာ ဖြေသည်။

၁၅မိနစ်လောက်မောင်းပြီးချိန်တွင်တော့ ကျယ်ဝန်းသောခြံတစ်ခြံထဲသို့ ကားဝင်သွားသည်။ ထိုခြံအကျယ်ကြီးထဲရှိ ကြီးမားလှသည့်သုံးထပ်အဆောက်အဦးကြီးရှေ့တွင် ကားရပ်လိုက်သည်။ ရစ်ခီကအရင်ဆင်းပြီး မတ်သရူးဆင်းရန်တံခါးပြေးဖွင့်ပေးသည်။

"ဒါမင်းအိမ်လား"

"လာ အထဲဝင်ရအောင်"

မတ်သရူးအမေးကိုရစ်ခီခေါင်းငြှိမ့်ဖြေလိုက်ပြီး အိမ်ထဲခေါ်သည်။ အိမ်ထဲရောက်တော့ ခမ်းနားလှသည့်မီးဆိုင်းကြီးက ကြိုဆိုနေသည်။ မတ်သရူး ခန္ဓာကိုယ်တစ်ပတ်လည်သည်အထိ လိုက်ကြည့်လိုက်မိသည်။

"ဆရာမက မှာလိုက်တယ် ရက်နည်းနည်းလောက်နားရမယ်တဲ့"
"အဆောင်မှာဆို လူတွေများပြီး အခန်းလည်းကျဉ်းလို့ စိတ်ကျဉ်းကြပ်မှာစိုးလို့ ကျွန်တော့်အိမ်ကိုခေါ်လာတာ မတ်သရူးအေးအေးဆေးဆေးနားလို့ရအောင်"
"လွတ်လွတ်လပ်လပ်နေနော် ဒီအိမ်မှာကျွန်တော်တို့နှစ်ယောက်ပဲရှိတာ"

မာမားဆီကမွေးနေ့လက်ဆောင်ရထားသည့် အိမ်သို့မတ်သရူးကိုခေါ်လာသည်။ လက်ဆောင်ရပြီးကတည်းကမနေဖြစ်ပေမယ့် အပတ်တိုင်းလူလွှတ်၍သန့်ရှင်းရေးလုပ်သောကြောင့် တစ်အိမ်လုံးကတောက်ပြောင်နေသည်။

I don't like u But I wanna be your loverWhere stories live. Discover now