Part11(Zaw+Uni)

231 36 15
                                    

ညစာစားနေရင်း စကားတွေဖောင်ဖွဲ့ပြောနေမိကြသည်။ အချိန်တွေကုန်သွားမှန်းမသိအောင်ကို စီးမျောနေကြရင်း တစ်ယောက်နဲ့တစ်ယောက်ပိုနီးစပ်လာသလိုခံစားမိကြသည်။ စတွေ့တုန်းကထက်ပင် ပို၍သက်သောင့်သက်သာရှိလာပြီး တစ်ယောက်အကြောင်းတစ်ယောက် ပို၍ နားလည်လာကြသည်။

"ရစ်ခီ ဒီအိမ်ကကျောင်းနဲ့ဆို၁၅မိနစ်လောက်ပဲသွားရတာကို ဘာလို့ဒီမှာမနေပဲ အဆောင်နေတာလဲ"

ဒီလောက်ကောင်းတဲ့အိမ်အကြီးကြီးကိုပစ်ပြီး အဆောင်လာနေခြင်းကို မတ်သရူးမေးခွန်းထုတ်လိုက်သည်။

"ဒီအိမ်အကျယ်ကြီးထဲ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုနေရမှာလဲ မနေချင်ပါဘူး ပျင်းစရာကြီး"

ရစ်ခီကပြုံးစစနှင့်ပြန်ဖြေသည်။ "အဲ့ဒါလည်းဟုတ်တာပဲ"ဟု မတ်သရူးတွေးလိုက်မိသည်။

"ပြီးတော့ အဲ့ဒီ့နေ့က ကျယ်ကျဲနဲ့ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းလာတာ"

ရစ်ခီက လည်တိုင်ကိုလက်ဖြင့်ပွတ်သပ်၍ ရှိုးတို့ရှန်းတန်းဖြင့် ပြောသည်။

"ရစ်ခီမှာအမရှိတာလား"

မတ်သရူးကမေးတော့ ရစ်ခီ ခေါင်းငြှိမ့်ပြသည်။

"အခုရော အမနဲ့အဆင်ပြေရဲ့လား"

မတ်သရူးကလေသံကိုနှိမ့်ပြီးထပ်မေးသည်။ ကြည့်ရတာ ရစ်ခီအိမ်ပေါ်ကဆင်းလာတယ်ဆိုတာကို စိတ်မကောင်းဖြစ်နေသည်ထင်။

"ကျွန်တော်တို့မောင်နှတွေက အဲ့လိုပဲရန်ဖြစ်နေကြ ပြီးတော့လည်း ဘာမှမဟုတ်ဘူး အဆင်ပြေသွားကြတာပဲ"

"ဟင်း....အဲ့ဒီ့နေ့ကမင်းစိတ်ရှုပ်နေတာကိုမသိပဲ ငါကရန်ရှာလိုက်မိသေးတာ"

မတ်သရူး သပ်ပြင်း‌ချ၍ပြောသည်။

"အဲ့ဒီလိုရန်ရှာတဲ့ပုံစံလေးကိုကချစ်စရာကောင်းတာ"ဟု ရစ်ခီတွေးမိပြီး ခပ်ဟဟရယ်လိုက်သည်။ ထို့နောက် သူ့ကြောင့်စိတ်ခုနေမည်စိုး၍ မတ်သရူးအားကြည့်လိုက်ပြီး

"ဟောဗျာ ဘာမှမဖြစ်ပါဘူးဆို အတွေးတွေလွန်နေပြန်ပါပြီ အခုကျွန်တော်တို့အဆင်ပြေနေပြီပဲ နော်"

I don't like u But I wanna be your loverWhere stories live. Discover now