Part22(Zaw+Uni)

135 26 1
                                    

တဂျောက်ဂျောက်အသံကြောင့် မတ်သရူးအိပ်ယာမှနိုးလာခဲ့သည်။ သူငိုပြီးအိပ်ပျော်သွားတာ ညလယ်လောက်မှ ပြန်နိုးလာသည်။ နိုးလာတော့ ရစ်ခီရောက်နေပြီ ဖြစ်သည်။ မတ်သရူးကိုကျောပေးလျက် တစ်ခုခုအလုပ်ရှုပ်နေပုံရသည်။

ရစ်ခီပြန်ရောက်လာတာကိုမြင်တော့ မတ်သရူးပျော်သွားပြီး မျက်ရည်ဝဲတက်လာပြန်သည်။ ကုတင်ပေါ်မှဖြေးဖြေးချင်းထလို့ ရစ်ခီအနားသို့လျှောက်သွားလိုက်သည်။ ထို့နောက် ရစ်ခီရဲ့ အင်္ကျီစကို အနောက်ကနေဆွဲကာ လေသံတိုးဖျဖျဖြင့် နာမည်ကိုခေါ်လိုက်သည်။

"ရစ်ခီ"

ရစ်ခီက လုပ်လက်စတွေကို ရပ်ပြီး မတ်သရူးကိုလှည့်ကြည့်သည်။ မတ်သရူးမျက်ဝန်းထဲက မျက်ရည်စတွေကိုမြင်တော့ မျက်ခုံးတို့ပင့်တက်ပြီး မျက်လုံးတို့ပြူးကျယ်သွားရသည်။

"ကိုကို မင်းကို နားမလည်ပေးတာမဟုတ်ပါဘူး"
"ရစ်ခီလည်း ကိုကို့ကိုစိုးရိမ်သလို"
"ကိုကိုကလည်း ရစ်ခီတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တယ်လေ"
"ပြီးတော့ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်ပြီး ဖိအားတွေမပေးချင်လို့ပါ"
"ကိုကို့ဘက်က နားလည်မှုလွဲသွားရင် ကိုကိုတောင်းပန်-"

ရစ်ခီကို မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ သေချာရှင်းပြနေသည့် မတ်သရူးကို ရစ်ခီ ရင်ခွင်ထဲ ဆွဲထည့်ပြစ်လိုက်သည်။ ထို့နောက် မတ်သရူး၏ ဦးခေါင်းအနောက်ဘက်က ဆံပင်တွေကိုသပ်ပေးရင်း

"မတောင်းပန်ပါနဲ့ ကိုကိုရယ်"
"တောင်းပန်ရလောက်အောင်အထိ ကိုကိုဘာအမှားမှမလုပ်ထားပါဘူး"
"ကျွန်တော်ကသာ ကိုကို့ကိုငိုအောင်အမြဲလုပ်တဲ့ အသုံးမကျတဲ့ကောင်ပါ"

"ရစ်ခီကအသုံးမကျတဲ့ကောင်မဟုတ်ပါဘူး"
"ကိုကိုအရမ်းချစ်ရတဲ့ကောင်"

ရစ်ခီက ကိုယ့်ကိုယ်ကို အပြစ်တင်တော့ သူ့ရည်းစားလေးကို ရင်ခွင်ထဲကနေပြန်ချေပသည်။ မတ်သရူးရဲ့စကားတတ်ပုံကို ရစ်ခီက ရယ်သည်။ ထို့နောက် ရင်ခွင်ထဲကနေ မျက်နှာကိုမော့စေပြီး မျက်ရည်တွေကိုသုတ်ပေးသည်။

I don't like u But I wanna be your loverWhere stories live. Discover now